Home
မြန်မာသတင်း
မြစ်ကြီးနားမြို့သစ်နာရီစင်ကို လမ်းခင်းရန်အတွက် ဖြိုချ
DVB
·
September 19, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြို့သစ် နာရီစင်ကို စက်တင်ဘာ ၁၈ ရက်ညမှာ သက်ဆိုင်ရာက ဖြိုချလိုက်ပါတယ်။ ခုလို ဖြိုချတာဟာ နာရီစင်လမ်းဆုံးနေရာကနေ လေယာဉ်ကွင်းလမ်းဆုံးသွားတဲ့အထိကို AC လမ်းခင်းပြီး ၆ လမ်းသွားပြုလုပ်ဖို့နဲ့ မီးပွိုင့်တပ်ဆင်ဖို့ လမ်းတိုးချဲ့တာ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးက သိရပါတယ်။ မြစ်ကြီးနားမြို့ မြို့သစ်နာရီစင်က နာရီဟာ လည်ပတ်မှုမရှိဘဲ ရပ်နေတာ ကာလ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမြို့မှာတော့ အန်အယ်လ်ဒီ အစိုးရသစ်တက်ပြီး ၂နှစ်ကျော်အကြာမှာ လမ်းခင်းတာ လမ်းတိုးချဲ့တာတွေကို သိသိသာသာပြုလုပ်လာပြီး လမ်းတိုးချဲ့ဖို့  မြို့တွင်းလမ်းဘေးမှာရှိတဲ့ သက်တမ်းရင့် သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်း တာတွေရှိခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024