ညောင်ဦးတွင် ​လေပြင်းတိုက်သဖြင့် နေအိမ်​ ၁၈ လုံး ပျက်​စီး

မန္တလေးတိုင်း၊ ညောင်​ဦးမြို့နယ်၊​ ကြအိုကျွန်း​ကျေးရွာမှာ မ​နေ့ည​နေ ၆ နာ​ကျော်​​လောက်​က မိုးသက်လေပြင်းတိုက်​ခတ်​လို့ လူ​နေအိမ်​ ၁၈ လုံး ပျက်​စီးခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်​။ ကြအိုကျွန်း​ကျေးရွာ တာဝန်​ခံ ကိုမိုးသူက “ည​နေ ၆ နာရီ​ ​ကျော်​​လောက်​က မိုး​​တွေ ​မှောင်​မည်းပြီးသည်းလာတာ၊ အိမ်​ထဲဘုရားတ​နေရတယ်​။ လေတိုက်​သံ​တွေ​ ကြား​နေရပြီး သစ်​ပင်​​တွေ ကျိုးသံ​တွေကြားလို့ မီးကြိုး​တွေပြတ်​ပြီး ရွာသား​တွေ အန္တရာယ်​ဖြစ်​မှာစိုးလို့ အိမ်​အပြင်​မထွက်​ကြဖို့ အသံချဲ့စက်​နဲ့ ​အော်​ခဲ့ရတယ်​။”လို့ ပြောပါတယ်။ မိုးသည်းထန်​ ​လေပြင်းတိုက်​ခတ်​လို့ အဲဒီ​ကျေးရွာက ​နေအိမ်​(၃)လုံး သစ်​ပင်​ပိပျက်​စီးပြီး ​နေအိမ်​ ၁၅ လုံး အမိုးလန်​ကုန်​ပါတယ်​။ ပျက်​စီးဆုံးရှုံးမှုတန်​ဖိုး ကျပ်၂၄ သိန်းခွဲ​လောက်​ရှိပြီး လူနဲ့ တိရိစ္ဆာန်​ ထိခိုက်​မှုမရှိဘူးလို့ ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦး​အောင်​​ဇော်​ဝင်းက ​ပြောပါတယ်​။ လေဘေးသင့် ဒေသကို စဥ့်ကူးနယ်​​မြေရဲကင်းစခန်းက ရဲတပ်​ဖွဲ့ဝင်တွေနဲ့အတူ စဥ့်ကူးနဲ့ ​ညောင်​ဦးက မီးသတ်​တပ်​ဖွဲ့ဝင်တွေကလည်း ကူညီ​ဆောင်​ရွက်​​ပေး​နေပါတယ်​။ ကိုလင်း(​ချောက်​)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up