A d v e r t i s e m e n t With Us

ဟန်ဂေရီနိုင်ငံတွင်း နျူကလီးယားဓာတ်ပေါင်းဖို ၂ လုံး ဆောက်တော့မည်ဟု ပူတင် ပြော

ဓာတ်ပုံ - Reuters
ရုရှားအစိုးရ အဏုမြူစွမ်းအင်လုပ်ငန်း ရိုဆာတွန်မ်ဟာ ဟန်ဂေရီနိုင်ငံအတွင်း ပတ်ခ်စ် စွမ်းအင် နျူကလီးယားစက်ရုံမှာ နျူကလီးယားဓာတ်ပေါင်းဖို ၂ လုံး ဆောက်လုပ်ရေးအတွက် လုပ်ငန်းတွေကို မကြာခင်စတော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က စက်တင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ ရုရှားမြို့တော် မော်စကိုမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နဲ့ ဆွေးနွေးအပြီး ခုလို ပြောလိုက်တာပါ။ ဒီ နျူကလီးယားစွမ်းအင် စက်ရုံဟာ ဟန်ဂေရီကသုံးနေတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတယ်လို့လည်း ပူတင်က ပြောပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ်ကလည်း သူနဲ့ ပူတင်တို့ဟာ ၂၀၂၀ မှာ ဓာတ်ငွေ့ဖြန့်ဖြူးဖို့ သဘောတူခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဟန်ဂေရီအစိုးရဟာ သူ့ရဲ့ နျူကလီးယားစက်ရုံကို တိုးချဲ့ဖို့နဲ့ ရုရှားလုပ် VVER 1200 ဓာတ်ပေါင်းဖို ၂ လုံးကို တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up