DVB Logo
Home
မြန်မာသတင်း
အရန်ဆန်အိတ် ၁ သိန်း ဈေးကွက် ဖြန့်မည်
DVB
·
August 13, 2012
အရန်ဆန်အိတ် ၁ သိန်း ဈေးကွက် ဖြန့်မည်
1 / 2
Donate to DVB

ပြည်တွင်းဆန်ဈေး တက်မလာနိုင်အောင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းက ၀ယ်ယူထားတဲ့ အရန်ဆန် တန်ချိန် ၅ ထောင်၊ အိတ်ပေါင်း ၁ သိန်းကို ဈေးကွက်ထဲ ဖြန့်ချိရောင်းချသွားမယ်လို့ အသင်းဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း က ပြောပါတယ်။

စပါးစိုက်တဲ့ ပြည်နယ်တိုင်း ဒေသအချို့မှာ လယ်တွေ ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒီနှစ် ဆန်စပါးအထွက် ထိခိုက်လာနိုင်စရာ အကြောင်းရှိနေပါတယ်။

ဒီအပေါ်မှာ အမြတ်ထုတ်လိုတဲ့ ကုန်သည်ပွဲစားကြောင့် ပြည်တွင်း ဆန်ဈေးမြင့်တက်လာမှာကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အသင်းက အခုလို ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

[caption id="attachment_29109" align="alignleft" width="300" caption="ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်း"][/caption]

“ကျနော်တို့ ဆန်စပါးအသင်းက ၀ယ်ထားတဲ့အထဲက ဆန်တွေ တန်ချိန် ၅ ထောင်လောက် ဈေးကွက်ထဲကို ပြန် ထုတ်ရောင်းမလို့၊ ဆန်ဈေးတွေတက်မှာစိုးလို့ပါ။ မူလက အများပိုင် ကုမ္ပဏီနဲ့ export တင်မယ်ဆိုပြီး စဉ်းစားထားတာ၊ အခုက ပြည်တွင်းကို ပြန်ရောင်းမလို့၊ ဒီလကုန်လောက်ထုတ်ရောင်းမယ်။”

အသင်းမှာ အရန်ဆန် အလုံအလောက် ရှိပြီး ရေကြီးနေတဲ့ဒေသတွေ အကူအညီလိုရင် အချိန်မရွေး ဖြန့်ချိပေးသွားနိုင်တယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဟာ မနှစ်ကစပြီး စပါးဈေး မကျဆင်းစေဖို့နဲ့ ပြည်တွင်းဆန်ဈေး တည်ငြိမ်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အရန်ဆန် စတင်ဝယ်ယူခဲ့ပါတယ်။

မြန်မာ့ဆန်ထွက်ရှိမှုရဲ့ ၅ ရာခိုင်နှုန်းပဲ ပြည်ပတင်ပို့နေတာဖြစ်ပြီး ၉၅ ရာခိုင်နှုန်းက ပြည်တွင်းမှာ စားသုံးနေတာ ဖြစ်ပါတယ်။
ပြည်တွင်းစားသုံးမှုဟာ ဆန်တန်ချိန် ၁၂ သန်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013