Home
မြန်မာသတင်း
အီးယူကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အတွင်း ရိက္ခာထောက်​ပံ့နေမှုကို ကွင်းဆင်းလေ့လာ
DVB
·
September 19, 2018
ဥ​ရောပသမဂ္ဂ (အီးယူ) ကိုယ်​စားလှယ်​ အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်​​တောနဲ့ ဘူးသီး​တောင်​မြို့နယ်တွေကို  ကမ္ဘာ့စားနပ်​ရိက္ခာအစီအစဉ်​ (WFP) ကနေ ရိက္ခာ ထောက်​ပံ့တာတွေကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၄ ရက်​တာ ကွင်းဆင်း​လေ့လာနေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အီးယူကိုယ်​စားလှယ်​အဖွဲ့ဟာ​ ​​မောင်​​တောမြို့နယ်​​တောင်​ပိုင်း ညောင်​​ချောင်း​ကျေးရွာအုပ်​စုထဲက တပ်​ဦး​ချောင်းကျေးရွာနဲ့ ကညင်​တန်းကျေးရွာတွေ၊ ပဒင်း​ ကျေးရွာအုပ်​စုထဲက သ​ရေကုန်​​ဘောင်​​ကျေးရွာနဲ့ ​ဂေါ်ဒူသာရ​ကျေးရွာတွေ၊ ရွာသစ်​​ကေကျေးရွာ အုပ်​စုထဲက ကိုင်းကြီး​ကျေးရွာအပါအ၀င်ေ​ဇာ်​မတက်​​ကျေးရွာအုပ်​စုတွေကို ကမ္ဘာ့စားနပ်​ရိက္ခာ အစီအစဉ်​ရဲ့ ရိက္ခာဖြန့်​​ဝေတဲ့လုပ်​ငန်းတွေကို ​ကြည့်ရှုလေ့လာနေပါတယ်။ မနေ့ မနက်​ပိုင်းကလည်း​ ​မောင်​​တောရုံးမှ တာဝန်​ရှိသူတွေလိုက်​ပါပြီး ​မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာနဲ့ ဒုံးပိုက်​ ​အောင်​ဆိပ်​ပြင်​ ​ကျေးရွာအုပ်​စုကို ရိက္ခာ​ထောက်​ပံ့​ပေး​နေတဲ့ အ​​ခြေအ​နေတွေကို သွား​ရောက်​​လေ့လာခဲ့ကြပါတယ်​။ စက်​တင်​ဘာ ၂၀ ​ရက်မှာ​တော့ ​မောင်​​​တောမြို့နယ်​​တောင်​ပိုင်း ပန်း​တောပြင်​​ ကျေးရွာသို့ သွား​လောက်​​လေ့လာမှာဖြစ်ပြီး စက်​တင်​ဘာ ၂၁ ရက်​​နေ့မှာ​ ဘူးသီး​တောင်​မြို့နယ်​ ​ကျောက်​​လှေကား​ကျေးရွာရှိ ICRC လုပ်​ငန်းတွေကိုလည်း ကြည့်ရှုလေ့လာသွားမယ်လို့ သိရပါတယ်။ သတင်း - ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024