Homeမြန်မာသတင်း
ရှမ်းပြည်နယ်တွင် ထောင်ကျနေသည့် ဆယ်တန်းကျောင်းသား ၃၀ ကျော်အနက် ၁၆ ဦး စာပေးပွဲဖြေမည်
ရှမ်းပြည်နယ်တွင် ထောင်ကျနေသည့် ဆယ်တန်းကျောင်းသား ၃၀ ကျော်အနက် ၁၆ ဦး စာပေးပွဲဖြေမည်
DVB
·
September 18, 2018
ရှမ်းပြည်နယ်ထဲမှာ အပြစ်ဒဏ်တွေကြောင့် ထောင်ကျနေတဲ့ တက္ကသိုလ်ဝင်တန်း အကျဉ်းသား ၃၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့်သူ ၁၆ ဦးရှိတယ်လို့ သိရပါတယ်။
ကျောင်းသားတွေ ပညာရေးအခွင့်အရေးမဆုံးရှုံးဖို့ စက်တင်ဘာလ ၁၈ ရက် ရှမ်းပြည်နယ်လွတ်တော် အစည်းအဝေးမှာ မိုးနဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။
မေးခွန်းကို ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းပြန်လည်ဖြေကြားရာမှာ “အပြစ်ဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း အကျဉ်းသားအကျဉ်းသူ ညောင်ရွှေ အကျဉ်းထောင် မှာ၁၉ ဦး၊ လားရှိုး အကျဉ်းထောင်မှာ ၁၀ ဦး၊ သီပေါအကျဉ်းထောင်မှာ ၁၀ ဦးနဲ့ ကျိုင်းတုံ အကျဉ်းထောင်မှာ ၄ ဦးတို့ရှိပြီး တက္ကသိုလ်ဝင်ဖြေဆိုဖို့ ဆန္ဒပြုသူမှာ ညောင်ရွှေက ၉ ဦး၊ လားရှိုး က ၂ ဦး၊ သီပေါက ၁ ဦးနဲ့ ကျိုင်းတုံ က ၄ ဦး စုစုပေါင်း ၁၆ ဦးကို ပညာရေးဝန်ကြီးဌာနက ရန်ကုန် အင်းစိန်နဲ့ မန္တလေးဗဟိုအကျဉ်းထောင်တို့မှာ စာစစ်ဌာန ဖွင့်လှစ်ထားတဲ့အတွက် အဲဒီ စာစစ်ဌာန နှစ်ခုမှာ သွားရောက်ဖြေဆိုရမှာဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အပြစ်ဒဏ်ကြောင့် အကျဉ်းကျခံရသူတွေဟာ အရင်ကစာဖတ်ဖို့တောင်မလွယ်ကူတဲ့ အတွက် အပြစ်ဒဏ်ကြောင့် ကျောင်းသားလူငယ်တွေ ပညာရေးအခွင့်အလမ်းမဆုံးရှုံးအောင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တွေကပြောပါတယ်။
ခွန်ရာဇာ