Home
သတင်းဓာတ်ပုံ
ပစ်ခတ်ဖမ်းဆီးသေဆုံးသွားသည့် ဘားအံအကျဉ်းသား ၂ ဦးကို မီးသင်္ဂြိုဟ်(ဓာတ်ပုံ)
DVB
·
September 18, 2018
ကရင်ပြည်နယ်၊ ဘားအံ တောင်ကလေးအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက် သွားပြီး ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံးသွားသူ ၂ ဦးကို ဒီကနေ့ နေ့ခင်းပိုင်းမှာ မီးသင်္ဂြိုဟ်လိုက်ပါတယ်။ စက်တင်ဘာ ၁၆ ရက်မနက်က ဘားအံအကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ဦးထဲက ၂၁ ဦးကို ပြန်လည်ဖမ်းဆီးရမိပြီး ၂ ဦးကို အသေဖမ်းဆီးခဲ့တာပါ။ ထွက်ပြေးရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ကျော်မိန်လ (ခ) အရှောင် ၃၃ နှစ်နဲ့ ကံမြင့် (ခ) ဇော်ကြီး ၂၅ နှစ်တို့ကို ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၇ ရက်နေ့က ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးသွားခဲ့တာပါ။ သေဆုံးသွားသူ တရားခံပြေး ၂ ဦးရဲ့အလောင်းတွေကို ဒီကနေ့ နေ့ခင်း ရဲသာကျေးရွာရှိ ထန်းကိုးပင်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တာပါ။ မီးသင်္ဂြိုဟ်ရာမှာ တောင်ကလေးအကျဉ်းဦးစီးဌာနက တပ်ကြပ်ဝင်းညွန့်၊ တပ်သား သိန်းဇော်ဦးတို့က ဦးဆောင်ပြီး ဘားအံမြို့အခြေစိုက် မာဃလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းနဲ့အဖွဲ့က  ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024