A d v e r t i s e m e n t With Us

ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ တရားမဝင်သတ္တုရိုင်းများ နေပြည်တော်တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ တပ်ကုန်းမြို့မှာ စက်တင်ဘာ ၁၆ ရက်က တရားမဝင် သယ်ဆောင်လာတဲ့ သတ္တုရိုင်းတင်ယာဉ် ၁၂ ဘီးကားနဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ပျဉ်းမနားဘက်ကနေ တပ်ကုန်းဘက်ကို မောင်းနှင်လာတဲ့ ဖူဆိုယာဉ်အမျိုးအစား ၁၂ ဘီးကားကို တပ်ကုန်းမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်မှာ သက်ဆိုင်ရာက သတင်းအရ စစ်ဆေးခဲ့ရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။ ယာဉ်ပေါ်မှာ တအိတ်ကို သတ္တုရိုင်းလို့ ယူဆရတဲ့ အမှုန့် ၅၀ ကီလိုထည့်ထားတဲ့ အိတ် ၃၀၀ ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကာလတန်ဖိုးအနေနဲ့ ကျပ် သိန်း ၆၀၀ (တကီလိုကို ၄၀၀၀ ကျပ်) တန်ဖိုးရှိတယ်လို့ သိရပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးပြီး တရားဝင်သယ်ဆောင်ခွင့် ပြုထားတာ မရှိတဲ့အတွက် တပ်ကုန်းမြို့မ ရဲစခန်းမှာ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၁ နဲ့ အမှုဖွင့် စစ်ဆေးအရေးယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up