A d v e r t i s e m e n t With Us

တရုတ်တွင် စက်တင်ဘာ ၁၈ ရက်ဖြစ်ရပ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဓာတ်ပုံ - Reuters
တရုတ်အစိုးရဟာ စက်တင်ဘာ ၁၈ ရက် ဖြစ်ရပ် အမှတ်ရ အောက်မေ့ပွဲကို ၈၇ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပပါတယ်။ ဒီဖြစ်ရပ်ဟာ ဂျပန်က တရုတ်နိုင်ငံကို ကျူးကျော်ပြီး ၁၄ နှစ် အုပ်ချုပ်ခဲ့တဲ့ အထိမ်းအမှတ်လည်း ဖြစ်သလို ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲရဲ့ ရှေ့ပြေးလမ်းစလည်း ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ၁၉၃၁ စက်တင်ဘာ ၁၈ ရက်မှာ ဂျပန်တပ်တွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ရှန်းယန်မြို့နားက ဂျပန်တွေ ထိန်းချုပ်ထားတဲ့ ရထားလမ်းကို ဖောက်ခွဲခဲ့တာပါ။ အဲဒီနောက် တရုတ်တပ်တွေက ရထားလမ်းကို တမင်ဖျက်ဆီးတယ်လို့ ဂျပန်က စွပ်စွဲပြီး တရုတ်အပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရှန်းယန်မြို့နားက တရုတ်စစ်တန်းလျားတွေကို ဗုံးကြဲခဲ့ပြီး ၁၄ နှစ်ကြာတဲ့ ကျူးကျော်စစ် စတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် စက်တင်ဘာ ၁၈ သမိုင်းပြတိုက်မှာ ဒီနေ့မနက် ခေါင်းလောင်းထိုးပြီး လေကြောင်းရန် အချက်ပေးဥသြ ဆွဲခဲ့ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးက ကိုယ်စားလှယ်တွေကလည်း ၁၄ နှစ်ကြာ စစ်ပွဲအတွက် ခေါင်းလောင်းကို ၁၄ ကြိမ် ထိုးခဲ့တာပါ။ လေကြောင်းကာကွယ်ရေး အချက်ပေးဥသြသံကိုတော့ ၃ မိနစ်ကြာအောင် တမြို့လုံးမှာ ထုတ်လွှင့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up