DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာမိုက်တီး ရိုက်သည့် ရိုက်စား ရုပ်ရှင်နမူနာ ကြည့်ရှုသည့်အကြိမ်ရေ ၄ သန်းကျော်ရှိနေ
DVB
·
September 18, 2018
ဒါရိုက်တာမိုက်တီး ရိုက်သည့် ရိုက်စား ရုပ်ရှင်နမူနာ ကြည့်ရှုသည့်အကြိမ်ရေ ၄ သန်းကျော်ရှိနေ
Donate to DVB

မြန်မာနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြေတီဦး၊ စိုးမြတ်သူဇာတို့နဲ့အတူ ဗြိတိန်သရုပ်ဆောင် မော်ဒယ် Libby Jennings တို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ရိုက်စားရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဂေါက်ကြီးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မိုက်တီးက ပုံဖော်ရိုက်ကူးပေးထားတာပါ။

ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ကြုံတွေ့ကြရတဲ့၊ လိမ်ညာလှည့်ပတ်ခံရတဲ့ အဖြစ်အပျက်တွေကို ဟာသနှော ရိုက်ကူးထားပြီး မကောင်းမှုဆိုတာ တပတ်ပြန်လည်တတ်ပြီး ကိုယ့်နောက်ကို လိုက်ပါကာ ပျက်စီးခြင်းနဲ့သာ အဆုံးသတ်ရတတ်တယ်ဆိုတာကို ဒီရိုက်စားရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တခြား ဟာသသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာဖြစ်ပြီး ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်နမူနာဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013