ဟုမ္မလင်းမြို့အနီး မြေလျင်လှုပ်
DVB
·
September 18, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနီးမှာ မနေ့ညက အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၂ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၁၄ မိနစ်၊ ၂၆ စက္ကန့်အချိန် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၉၀ ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၃၂ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။