မြန်မာ-ဂျပန်ချစ်ကြည်ရေး ယဉ်ကျေးမှုပဒေသာကပွဲ တိုကျိုတွင် ကျင်းပ (ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
September 18, 2018
မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံက ယဉ်ကျေးမှု အဆိုအက အနုပညာရှင်တွေ ပူးပေါင်းကပြ ဖျော်ဖြေတင်ဆက်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စက်တင်ဘာ ၁၆ ရက်ညက ကျင်းပပါတယ်။
မြန်မာယဉ်ကျေးမှုအကအဖွဲ့က ပန်တျာသန်းဇော်၊ ပန်တျာ သံစဉ်ချို၊ မင်းသားဝေဇင်၊ ဂျပန်မော်ဒယ် ရုပ်ရှင်တီဗွီသရုပ်ဆောင် အယ်မီလင်းနဲ့အတူ မြန်မာပြည်မှာ အကပညာ ဆည်းပူးခဲ့ကြတဲ့ ဂျပန်လူမျိုး အကဝါသနာရှင် ၇ ဦးတို့ကလည်း အော်ပရာ၊ မြန်မာ့ရုပ်သေး၊ မြန်မာ့စောင်းနဲ့ အငြိမ့် နှစ်ပါးသွားအကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပါတယ်။
မြန်မာပြည်မှာ ယဉ်ကျေးမှုအက သင်ကြားခဲ့တဲ့ ယူရီအီရီဖူမီက “မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဂျပန်လူမျိုးတွေ ပိုမိုသိရှိပြီး ပိုမိုစိတ်ဝင်စားလာကြမယ်လို့ မျှော်လင့်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဖျော်ဖြေပွဲကို မြန်မာ့ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ အများအပြား လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်