ရှုံးပွဲကိုမေ့ပစ်၍ လာမည့်ပွဲ အနိုင်ရရန် ပိုအရေးကြီးဟု ဒါဘီနည်းပြ လမ်းပတ်ပြော

ရှုံးပွဲကို မေ့ပစ်ပြီး နောက်တပွဲမှာ အနိုင်ရဖို့က ပိုပြီးအရေးကြီးတယ်လို့ ဒါဘီနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနဲ့ အင်္ဂလန်ကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ ပြီးခဲ့တဲ့တပတ်က တန်းတက်ကလပ် ရိုသာဟန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ အဆင့် ၇ အထိ ကျဆင်းသွားတာပါ။ အဲဒီပွဲမှာ ဒါဘီတိုက်စစ်က လောရန့် အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ၅ မိနစ်အကြာမှာ ပယ်နယ်တီလည်း ပေးခဲ့ရပါတယ်။ ဒါကြောင့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့ နည်းပြလမ်းပတ်ဟာလည်း ကွင်းထဲကနေ အထုတ်ခံခဲ့ရပါတယ်။ အဲဒီပွဲနဲ့ပတ်သက်ပြီး ဘာမှပြန်ပြောဖို့ စိတ်ကူးမရှိတော့ဘဲ ဘောလုံးပွဲတပွဲမှာ ဖြစ်တတ်တဲ့အရာသာဖြစ်ပြီး လာမယ့်ပွဲမှာ နိုင်ပွဲပြန်ရဖို့ပဲ အရေးကြီးတယ်လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။ ဒါဘီအသင်းဟာ လာမယ့် စက်တင်ဘာ ၁၉ ရက်မှာ ဘလက်ဘန်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး နိုင်ပွဲပြန်ရဖို့ နည်းပြလမ်းပတ်က မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up