Home
ရုပျသံ
ကြည့်ရှုသူ ၆ သိန်းကျော်ရှိနေသည့် အချစ်ဟာသရုပ်ရှင်- ၂၄ နာရီ ၁ ချစ် (နမူနာ)
DVB
·
September 17, 2018
    ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ အောင်ရဲလင်း၊ မိုး ဟေကိုနဲ့ အေးမြတ်သူတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ၂၄ နာရီ ၁ ချစ် အမည်ရတဲ့ ရုပ် ရှင်ကားကို လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားဟာ အချစ်ဟာသ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး စာရေးဆရာ မင်းခိုက်စိုးစန်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဖြစ်လာတဲ့ အကြောင်းအရာတွေကြောင့် ရပ်ကွက်ထဲက လူမှုဘ၀ပတ်ဝန်းကျင်မှာ အလွဲလွဲအချော်ချော် ဖြစ်ရတာတွေကို အချစ်နဲ့ဟာသနှော ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မြန်မာစာပါမောက္ခတဦးရဲ့သား အမွှေစိန် စစ်ဘုန်းလူ၊ ရပ်ကွက်ထဲက လူတွေနဲ့ ခပ်ကင်းကင်းနေတဲ့ အလှဘုရင်မလေး စုမြတ်ဒေ၀ီ၊ ဇီဇာကြောင်ပြီး ရပ်ကွက်ထဲမှာ ကြိုက်မယ့်သူမရှိတဲ့ အပျိုကြီး စတဲ့ ဇာတ်ကောင်တွေနဲ့အတူ ဘယ်လို အချစ်၊ ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးထားသလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာပါ။ ဒီကားထဲမှာတော့ သရုပ်မဆောင်တာကြာပြီဖြစ်တဲ့ မင်းသား ရာဇာနေ၀င်းလည်း ပါဝင်သရုပ်ဆောင်ထားပြီး တခြားဟာသသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ ၂၄ နာရီ ၁ ချစ် ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် နေ့မှာ ပြုလုပ်ခဲ့ပြီး ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သီတင်း ၂ ပတ် အတွင်း ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024