DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဘုန်းကြီးကျောင်းများကို အတင်းပြောင်းရွှေ့ခိုင်း
DVB
·
August 10, 2012
ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဘုန်းကြီးကျောင်းများကို အတင်းပြောင်းရွှေ့ခိုင်း
1 / 2
Donate to DVB

ပဲခူးမြို့ ဥဿာမြို့သစ်က ဘုန်းကြီးကျောင်းတွေကို စက်မှုဇုန် တည်ဆောက်ဖို့အတွက် ခရိုင်အာဏာပိုင်တွေက ၀ါတွင်းကာလအတွင်း နေရာကနေ အတင်းပြောင်းရွှေ့ခိုင်းတာကြောင့် သံဃာတော်တွေနဲ့ သီလရှင်တွေ အခက်ကြုံနေကြပါတယ်။

ပဲခူးမြို့ ဥဿာမြို့သစ် အကွက်ကြီး ၈/၉ မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း ၂၅ ကျောင်းကို ဒီလ ၁၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတယ်လို့ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။

“နေရာပေးဖို့စကား ပြောမသွားဘူး။ ၇ ရက်ပြည့်ရင် ဒီမှာ မနေပါနဲ့လို့ ပြောသွားတယ်။ နေထိုင်ဖို့ စီစဉ်ထားတာက သူတို့ အကွက်ပေးချင်ပေး မပေးရင် ဒီကကျောင်းတော်ကြီး တကျောင်းကျောင်းကနေ နေပိုင်ခွင့်ပေးဖို့တော့ ကောင်းပါတယ်။”

ဘုန်းတော်ကြီးကျောင်းတွေဟာ ကျူးကျော်မြေထဲမှာ တည်ဆောက်ထားတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လ ၅ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် ရဲလုပ်သားတွေနဲ့ ဒီလ ၁၂ ရက်နေ့မှာ အပြီးဖျက်ပေးဖို့ လာရောက် ပြောကြားခဲ့တယ်လို့ ပြောင်းရွှေ့ခံရတဲ့အထဲမှာ ပါဝင်တဲ့ ဆရာလေး ဒေါ်ယုဝတီက ပြောပါတယ်။

“ဆရာလေးတို့ မျက်မြင်ကတော့ လူ ၂၅ ယောက်လောက်ပါလာတယ်။ ရဲကားလည်း ရပ်ထားတယ်၊ ရဲမှူးလည်း ပါလာတယ်။ ခရိုင်မှူးပါလာတယ်။ သူတို့ပြောတာက တပည့်တော်တို့လည်း ဗုဒ္ဓဘာသာပါပဲ။ တပတ်အတွင်း ဖျက်သိမ်းပေးပါလို့ ပြောပြီး ဆရာလေးတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ၊ မှတ်တမ်းတွေ ယူသွားပါတယ်။ နောက်ပိတ်ဆုံးက လက်မှတ်ထိုးပါလို့ ဆရာလေးတို့ကို ခိုင်းပါတယ်။ ဆရာလေးတို့က ထိုးမပေးနိုင်ပါဘူး။ ဆရာလေးတို့ရဲ့ သံဃာဆရာတော်တွေကို လျှောက်ပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။”

ဒီလ ၁၂ ရက်နေ့မှာ မဖယ်ပေးရင် ထောင် ၁ လချမယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ ဆရာလေး သုဓမ္မစာရီက မိန့်ပါတယ်။

[caption id="attachment_29060" align="alignright" width="300" caption="ဆရာလေး သုဓမ္မစာရီ"][/caption]

“ဒီလ ၁၂ ရက်နေ့ မဖယ်ပေးရင် ထောင် ၁ လချမယ်လို့ ပြောပါတယ်။ သူတို့ပြောတဲ့အချိန်မှာပဲ ဖျက်ချင်ဖျက် မဖျက်ရင် အချုပ်ကားတွေကလည်း လမ်းထိပ်မှာအဆင့်သင့်၊ တချို့သံဃာတွေဆို ထွက်ပြေးပုန်းရှောင်နေကြရတယ်။ ပြောရရင် ၀ါတွင်းမှာ အရမ်းအခက်အခဲဖြစ်နေတဲ့အတွက် ဆရာလေးတို့ကတော့ အနူးအညွတ် တောင်းပန်ချင်တယ်။ ဒါပေမယ့် မတရားမှုတွေ အရမ်းများလွန်းအားကြီးတော့ ဆရာလေးတို့ သည်းမခံနိုင်ပါဘူး။ ဒါကြောင့် ကျောင်းပိုင်မြေရော၊ ၀ါတွင်းမှာ သီတင်းသုံးဖို့ အဆင်ပြေမှသာ ဆရာလေးတို့ လက်ခံနိုင်မယ်ဆိုတဲ့ အကြောင်းပေါ့နော်။”

သံဃာတော်တွေအနေနဲ့ ၀ါတွင်းကာလအတွင်း ခရီးသွားလာခွင့် မရှိသလို တခြားကျောင်းတွေကလည်း လက်မခံကြောင်း၊ ၀ါဆိုထားတဲ့ကျောင်းတွေမှာသာ နေထိုင်ရတဲ့ အခုလို ဖယ်ရှားခိုင်းတာဟာ အရမ်းအခက်အခဲဖြစ်ကြောင်း ပြောင်းရွှေ့ပေးရမယ့် ကျောင်းထိုင်ဆရာတော် ဦးသုမနက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။
“ရဟန်းတွေကို အခုလို ဖယ်ရှားခိုင်းတာ ကျနော်တို့က လုံးဝ မနှစ်သက်ပါဘူး။ စိတ်လည်းမချမ်းသာဘူး။ သက်ကြီးရဟန်းတွေ အများကြီးရှိတယ်။ ၀ိပဿနာအားထုတ်နေတဲ့ တောရဆောက်တည်နေတဲ့ ရဟန်းတွေလည်း အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပြီးတော့ အာဏာပိုင်တွေကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီး ရဟန်းတွေကို ၀ါတွင်းကာလမှာ ဖယ်ရှားခိုင်းတာကို လုံးဝကို စိတ်ထဲမကောင်းစွာနဲ့ လက်ပိုက်ကြည့်နေရတယ်။ ဘယ်လိုမှ မနှစ်မြို့ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013