A d v e r t i s e m e n t With Us

ပတ်ကွီရိုနှင့် ယခုနှစ်ထဲ ထိုးသတ်မည်ဟု လက်ဝှေ့ကျော် မေဝဲသာပြော

အမေရိကန် လက်ဝှေ့ကျော် မေဝဲသာက ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုနဲ့ ဒီနှစ်ထဲမှာ ထိုးသတ်ဖို့ ရှိတယ်လို့ ပြောဆိုပါတယ်။ အသက် ၄၁ နှစ်အရွယ် မေဝဲသာက ပက်ကွီရိုနဲ့ ထိုးသတ်ဖို့ ပြန်လာမယ်လို့ သူ့ရဲ့ အင်စတာဂမ်မှာ စနေနေ့က ရေးသားထားတာပါ။ သူဟာ လက်ဝှေ့လောကကနေ အနားယူထားပြီး ပြန်ထိုးဖို့ စီစဉ်လာတာပါ။ အဲဒီပွဲစဉ်ဟာ ဂျပန်နိုင်ငံမှာ လုပ်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလလောက်မှာ ဖြစ်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။ မေဝဲသာဟာ ပတ်ကွီရိုကို ၂ဝ၁၅ အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်မှာ ထိုးသတ်တုန်းက ၁၂ ချီမှာ အမှတ်အသာနဲ့ အနိုင်ရထားပါတယ်။ အဲဒီအချိန်တုန်းကတော့ မေဝဲသာက ပတ်ကွီရိုနဲ့ နောက်တကြိမ် ထိုးသတ်ဖို့  ဆန္ဒမရှိဘူးလို့ ပြောဆိုထားပြီး အခုကြမှ ပြန်လည် ထိုးသတ်မယ်လို့ ပြောလာတာပါ။

A d v e r t i s e m e n t With Us

More News
Up