Home
မြန်မာသတင်း
မိုးညှင်း မြေထိန်းနံရံပြုပြင်မှု စံချိန်စံညွှန်းအတိုင်း ပြင်၊ မပြင် စောင့်ကြည့်မည်
DVB
·
September 16, 2018
41788159_265469054297783_412780519315472384_n
41861686_265469140964441_4062858810828521472_n
41706536_265469417631080_1973505895912439808_n
41675816_265468994297789_8257949159210876928_n
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိပြို ပျက်နေတဲ့ ကျောက်တာရိုး မြေထိန်းနံရံကို ပြန်လည်ပြုပြင်တဲ့အခါ စံချိန်၊ စံညွှန်းအတိုင်း ပြင်၊ မပြင်ဆိုတာကို စောင့်ကြည့် သွားမယ်လို့  မိုးညှင်းမြို့နယ် မြို့ရွာစောင့်ကြည့်လေ့လာရေးအဖွဲ့ အတွင်းရေးမှူး ကိုအောင်ကျော်မင်းက ပြောဆိုပါတယ်။ “ရေကာတာ စဆောက်ကတည်းက စနစ်တကျမရှိဘူး။ ဒါကြောင့် ၂ လတွင်း ပေ ၁၆ဝ ကျော် ပျက်စီးတယ်။ ဆုံးရှုံးမှုတွေ မရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေ သေချာလာစစ်ဆေးပေးစေချင်တယ်။ နောက်ထပ်လည်း ပြိုစရာတွေ တွေ့နေရတယ်။ ကျနော်တို့လည်း ဆက်ပြီးစောင့်ကြည့်သွားမယ်။” မော်ဟန်ကျေးရွာနေ လုပ်ငန်းဖြစ်မြှောက်ရေးတာဝန်ခံ ဦးရီမြင့်က “မော်ဟန်ကျေးရွာရှိ ၂၄၉၆ ပေရှိတဲ့ လေးတန်ချောင်း ကမ်းပြိုမြေထိန်းနံရံကို ဟူးကောင်းကုမ္ပဏီက ၄၆၉ ဒသမ ၃ဝ သန်းနဲ့ ဆောင်ရွက်ခဲ့ရာ နောက်ဆုံးအရစ်သိန်း ၁၇ဝဝ ကျန်ငွေထုတ်ရန် ပြီးစီးကြောင်း လက်မှတ်ကို ဒီနေ့ပေးတယ်။ မနက်ဖြန် ကမ်းပါးပြိုတာ ဖြစ်တယ်” လို့ ပြောဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရအောင် ဌာနဆိုင်ရာနဲ့ တာဝန်ရှိသူတွေ စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ “မြေထိန်းနံရံကို သုံးပိုင်းပိုင်းပြီး နောက်ဆုံးအပိုင်းကို အရင်စလုပ်တာ။ ပထမဦးစားပေးကို နောက်ဆုံးမှလုပ်တာ။ ဒီနေရာက အဓိကကျတယ်။ တနှစ်က သိန်း ၂ဝ၊ မနှစ်ကသိန်း ၆ဝ၊ ကျေးရွာရန်ပုံငွေနဲ့ ဆီဖိုးကုန်ပြီး ဘက်ဟိုးနဲ့ပြုပြင်ထားတာ။ နှစ်တိုင်းကုန်ကျမှုတွေရှိတယ်။ ၄ လ တွင်း တည်ဆောက်ခဲ့တဲ့ မြေထိန်းကျောက်တာရိုးဟာ စက်တင်ဘာ ၂ဝ ရက်က ပေ ၁၆ဝ ပြိုကျခဲ့ပြီး နောက်ထပ်ပြို ကျစရာ အက်ကြောင်းများစွာရှိနေပါသေးတယ်။ တာဝန်ရှိသူတွေကို အသိမပေးဘဲ ကုမ္ပဏီက လာရောက်ပြုပြင်မှုကို စောင့်ကြည့်လေ့လာရေးအဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးရာ စိုးရိမ်စရာလုပ်ရပ်တွေ တွေ့နေရသေးတယ်။ ဌာနဆိုင်ရာနဲ့ တာဝန်ရှိသူတွေ ပြည်သူ့ငွေဆုံးရှုံးမှု မရှိအောင် စောင့်ကြည့်သင့်တယ်။ သူတို့အဖွဲ့လည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်။” ယခင်ရေကြီးမှုကြောင့် မော်ဟန်မှာ အိမ်ခြေ ၅ဝ ရေကြီးနှစ်မြှုပ် မျှောပါဖူးကြောင်း သိရပါတယ်။ သတင်း - ခင်သန်းညွန့်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024