DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှုကြောင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းတန်ဖိုး ဘတ်သန်းချီဆုံးရှုံး
DVB
·
August 10, 2012
မြစ်ရေကြီးမှုကြောင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းတန်ဖိုး ဘတ်သန်းချီဆုံးရှုံး
Donate to DVB

ထိုင်းနိုင်ငံအတွင်းမှာ အခုရက်ပိုင်း မိုးများပြီး သောင်ရင်းမြစ်ရေကြီးလာတာကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်က မြန်မာဘက်ပို့မယ့် ကုန်ပစ္စည်းတွေ ရေစိုပျက်စီးပြီး ဘတ်သန်းချီ ဆုံးရှုံးတဲ့အတွက် ကုန်သည်တွေ အခက်တွေ့နေကြရပါတယ်။

သောင်ရင်းမြစ်ရေဟာ ဒီမနက် ၄ နာရီလောက်ကစပြီး မြင့်တက်ရာကနေ မနက် ၆ နာရီ လောက်မှာတော့ ကမ်းနားတွေကို ရေလွှမ်းသွားတဲ့အတွက် ပစ္စည်းတွေ ရေစိုပျက်စီးပြီး အခုလို ထိုင်းဘတ်ငွေ သန်းချီဆုံးရှုံးသွားတာလို့ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးစီက ပြောပါတယ်။

“နယ်စပ်မှာရှိတဲ့ စီးပွားရေးသမားတွေရော၊ ချောင်းနံဘေးက မဲဆောက်မှာ လာလည်တဲ့ ဧည့်သည်တွေအပြန်ဈေးဆိုပြီး ဖွင့်ထားတဲ့ဆိုင်ငယ်လေးတွေရှိတယ်၊ အဲဆိုင်လေးတွေဆိုလည်း ဆုံးရှုံးမှုရှိပါတယ်။ ဧည့်သည်တွေလည်း လာတာ သိပ်မတွေ့တော့ဘူး။ ထိုင်းဘက်က မြန်မာဘက်ကိုကူးမယ့် ထိုင်းပစ္စည်းတွေ အချိုမှုန့်တို့၊ ဆပ်ပြာမှုန့်တို့  သိုလှောင်တဲ့ဂိုဒေါင်ထဲမှာဆိုလည်း ရေတက်လာတော့ မမီတဲ့အတွက် အနည်းဆုံး တဂိတ်ကို ၁ သန်းလောက် ဆုံးရှုံးမှုရှိပါတယ်။ နောက် ဒီမနက်မှာ ရေတက်လာတာ မြန်တဲ့အတွက် တချို့ပစ္စည်းတွေရေထဲမှာ မျောမျောလာတာတွေ့ရတယ်။ တချို့ပစ္စည်းတွေလည်း သယ်ချင်သယ်ပေါ့။ တချို့ ဂိတ်မှာဆိုရင် ၁ သန်းကျော် ၃၊ ၄ သန်းလောက် ဆုံးရှုံးတာတွေလည်း ရှိပါတယ်။”

မဲဆောက်-မြ၀တီနယ်စပ်မှာရှိတဲ့ ဂိတ်ပေါင်း ၁၇ ခုလောက်ဟာလည်း တောင်ကျရေကြောင့် ရေတက်မှုမြန်တဲ့အတွက် ဂိတ်တိုင်းလိုလိုမှာ ပစ္စည်းမျောပါ ဆုံးရှုံးတာတွေရှိသလို မြန်မာဘက်သယ်မယ့် ကားတွေလည်း ရေနစ်မြုပ်ကုန်တယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရေလယ်ကျွန်းကအိမ်တွေလည်း အကုန်နစ်မြုပ်ကုန်တဲ့အတွက် အဲဒီမှာနေတဲ့သူတွေက မြ၀တီ သို့မဟုတ် မဲဆောက်ဘက်မှာရှိတဲ့ သူတို့ရဲ့ဆွေမျိုးအိမ်တွေမှာ သွားရောက် ခိုလှုံနေကြရပါတယ်။

မြ၀တီမြို့ဘက်မှာလည်း အမှတ် ၂ ရပ်ကွက်က နေအိမ် တချို့လည်း ရေနစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။

မြစ်ရေဟာ တောင်ကျရေကြောင့် ရုတ်တရက်ကြီးလာတာဖြစ်ပြီး မကြာခင်မှာ ပြန်လျော့သွားနိုင်တယ်လို့ နယ်စပ်မှာနေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြန်မာပြည်ကိုပို့ဖို့ ရပ်ထားတဲ့ ကားအစီးရေ ထောင်နဲ့ချီ ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/maesot flood/]

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြစ်ရေကြီးမှုကြောင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းတန်ဖိုး ဘတ်သန်းချီဆုံးရှုံး