Live
Home
မြန်မာသတင်း
ကျောင်း​များတွင် အမှိုက်​ပုံး​ စနစ်​တကျထား​ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
DVB
·
September 15, 2018
ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှု လျှော့ချနိုင်ရေးအတွက် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့နဲ့ ကျောင်း​တွေမှာ အမှိုက်​ပုံး​တွေ စနစ်​တကျထား​ပေးကြဖို့ မန္တ​လေးဝန်​ကြီးချုပ်​ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ မန္တ​လေး၊ မဟာ​အောင်​​မြေမြို့နယ်​၊ မ​နော်​ရမ္မံလူထုဟစ်​တိုင်​ကွင်းမှာ ဒီနေ့ကျင်းပတဲ့ ကမ္ဘာ့သန့်​ရှင်း​ရေး​နေ့အခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။ “အမှိုက်​​တွေဟာ တ​နေ့တခြား များပြားလာတဲ့အတွက်​ စနစ်​တကျစွန့်​ပစ်ကြဖို့ ပြည်​သူ​တွေ အသိပညာ​တွေ တိုးလာ​စေချင်​တယ်။ ဘာ​ကြောင့်လဲဆို​တော့ ကမ္ဘာကြီး ပူ​နွေးလာပြီး ရာသီဥတု​တွေ​ ဖောက်​လာတာဟာ အမှိုက်​​တွေ​ကြောင့် ကျ​နော်​တို့နိုင်​ငံမှာ တရက်​ကို အမှိုက်​တန်​ချိန်​ ၈ သန်း​လောက်​ထွက်​​နေတယ်​။ ဒါ​တွေ​လျော့ကျဖို့ အ​ခြေခံကျတဲ့ စာသင်​​ကျောင်း​တွေမှာ အမျိုးအစားခွဲပြီး စွန့်​ပစ်​ရမယ့် အမှိုက်​ပုံး​တွေခ ချထား​ပေးဖို့ လိုအပ်​တယ်​။” clean mandalay Campaign ဥက္ကဋ္ဌ ဦးသန့်ဇင်​က​ “​ကျ​နော်​တိုနိုင်​ငံမှာလည်း အမှိုက်​နဲ့ပတ်​သက်​တဲ့ အန္တ​ရာယ်​​တွေက တ​နေ့တခြား များလာတာ​ကြောင့် အမှိုက်​ကို စနစ်​တကျ စွန့်​ပစ်​တတ်​​စေဖို့နဲ့ ​လျော့ကျ​အောင် ​အသုံးပြုတတ်​ဖို့ ရည်​ရွယ်​ပြီး ပြုလုပ်​ရတာ” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို မန္တ​လေးစည်​ပင်​သာယာ​ရေး​ကော်​မတီသန့်​ရှင်း ရေးဌာနနဲ့ clean mandalay Campaign အဖွဲ့တို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ​ကျောင်း​ပေါင်း ၇ ​ကျောင်းက ​ကျောင်းသား​ကျောင်​သူ ၁၂ဝဝ ​ကျော်​တို့ တက်​​ရောက်​ကာ အမှိုက်​တွေကို မန္တ​လေးတိုင်းဝန်​ကြီးချုပ်​နဲ့အတူ လိုက်​ကောက်​ခဲ့ကြပါတယ်​။ ကမ္ဘာ့သန့်​ရှင်း​ရေး​နေ့ အထိမ်းအမှတ်​​နေ့ကို မန္တ​လေးတိုင်း​ဒေသကြီးအစိုရအဖွဲ့​၊ စည်​​ပင်​သာယာ​ရေး​ကော်မတီ မြို့်​​တော်​ဝန်​နဲ့အတူ သန့်​ရှင်း​ရေးဌာနက တာဝန်​ရှိသူတွေနဲ့ စိတ်​ပါဝင်​စားစားသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024