ကုမ္ပဏီလိုဂို တက်တူးထိုးရုံဖြင့် တသက်စာပီဇာ အခမဲ့စားနိုင်မည့် အစီအစဉ် အောင်မြင်

စားသုံးသူတွေရဲ့ သူတို့အပေါ်ထားတဲ့ သဘောထားကို စမ်းသပ်ဖို့ ရုရှားနိုင်ငံက Domino ပီဇာဆိုင်ခွဲတခုက မကြာသေးခင်က  ပရိုမိုးရှင်း စိန်ခေါ်မှုတကို လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စားသုံးသူတွေအနေနဲ့ သူတို့ခန္ဓာကိုယ်ရဲ့ မြင်သာတဲ့နေရာတွေမှာ ပီဇာကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို တက်တူးထိုးပြရုံနဲ့ တနှစ်ကို ပီဇာ အခု ၁၀၀ နှုန်းနဲ့နှစ်ပေါင်း ၁၀၀ တိုင်တိုင် ပီဇာအလကားစားနိုင်မယ်လို့ ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ဒီအစီအအစဉ်ကို ပီဇာလုပ်ငန်းဘက်က စမ်းသပ်ရုံ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် စားသုံးသူတွေဘက်က တုံ့ပြန်မှုကတော့ လက်ဖျားခါလောက်စရာပါလို့ OC သတင်းမှာ ဖော်ပြပါတယ်။ Domino က စာသုံးသူတွေကို လျော့တွက်ခဲ့ပုံရပြီး သူတို့ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကို သြဂုတ် ၃၁ ရက် နေ့ စတင်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာတင် တက်တိုးထူးထားကြောင်း သက်သေပြတဲ့ ပုံပေါင်း ရာချီပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ တက်တူးထိုးသူ အရေအတွက် အဆမတန်မြင့်တက်လာလို့ ကုမ္ပဏီဘက်က ပထမဆုံးလူမှုကွန်ရက်ပေါ်တင်တဲ့ လူ ၃၅၀ ကိုသာ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ပြုမယ်လို့ ကန့်သတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တာပါ။ လူမြင်နိုင်တဲ့ နေရာတွေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထိုးထားတဲ့ တက်တူးပုံတွေ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ပါဝင်ပေမယ့် တက်တူးပုံအသစ်တွေ ထွက်ပေါ်လာတဲ့ နှုန်းကတော့ လျော့ကျမသွားပါဘူး။ ဒါ့ကြောင့် ကုမ္ပဏီဘက်က ပထမဆုံးလူ အယောက် ၃၅၀ ကိုပဲ ဒီအစီအစဉ်အတွက် လက်ခံပါမယ်ဆိုတဲ့ သတင်းကို ထပ်ခါထပ်ခါ ထုတ်ပြန်ကြေညာနေရတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာပါဝင်တဲ့ သူတွေဟာ ကုမ္ပဏီရဲ့တံဆိပ်ကို ပုံစံမျိုးစုံနဲ့ တက်တူးပုံဖော်ကြပြီး ပရိုမိုးရှင်းအရေအတွက် ကန့်သတ်လိုက်ပြီး ပရိုမိုးရှင်းပြီးဆုံးတဲ့နောက်ပိုင်း အင်စတာဂရမ်မှာ တင် တက်တူးပုံအသစ် ၈၀ လောက် ထွက်ပေါ်လာခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ ဒါဟာ အင်စတာဂရမ်တခုတည်းမှာဖြစ်ပြီး အခြားသော ဆိုရှယ်ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ရုရှားနိုင်ငံသုံး လူမှုကွန်ရက်တွေမှာလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ Domino ဘက်က သူတို့ ပရိုမိုးရှင်းအစီအစဉ်ရဲ့ အောင်မြင်မှု ရလဒ်ကို ထုတ်ဖော် မပြောဆိုသေးပေမယ့် ကုမ္ပဏီရဲ့အစီအစဉ်ဟာ စားသုံးသူတွေရဲ့ တုံ့ပြန်မှုနဲ့ တက်တူးဝါသနာရှင်တွေကို အနည်းငယ်အထင်သေးရာ ရောက်နေတယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up