Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်​အနီး ​ကျောင်းသားကျောင်းသူ ၂ ဦးထံမှ မူးယစ်​​ဆေးဝါးများ ဖမ်းမိ
DVB
·
September 15, 2018
မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်​အနီး အဆောင် ၂ ခုမှ ​ကျောင်းသားတဦးနဲ့ ​ကျောင်းသူတဦးဆီက မူးယစ်​​ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရတနာပုံတက္ကသိုလ်​အနီး တောင်​သမာန်​​ကျေးရွာအုပ်​စု၊ ထန်း​တောရပ်​ကွက်​အတွင်းမှာ ဖွင့်​လှစ်​ထားတဲ့ ငြိမ်းချမ်းသာယာ အမျိုးသား​ဘော်​ဒါ​ဆောင်​မှာ ​နေထိုင်​တဲ့ ကျောင်းသားတဦးနဲ့ ပန်းရင်​ခွင်​ အမျိုးသမီး​ဆောင်​တွင်​​နေထိုင်​တဲ့ ကျောင်းသူတဦးကို အမရပူရမြို့နယ်​ရဲတပ်​ဖွဲ့က နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​မင်းပိုင်​ဦးတို့ အဖွဲ့နဲ့အတူ ​တောင်​သမာန်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စိန်​နဲ့ ရာအိမ်​မှူးများ၊ သတင်းတပ်​ဖွဲ့များက စက်တင်ဘာလ ၁၄ ရက်​​န့က သတင်း​အရ ဝင်​​ရောက်​ရှာ​ဖွေခဲ့ရာမှ မူးယစ်​​ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့​တယ်လို့ သိရပါတယ်။ ကျောင်းသူဆီကနေ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၈ ပြားနဲ့ ကျောင်းသားဆီကနေ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၇ ပြား၊ စုစု​ပေါင်း ၅၅ ပြား ဖမ်းဆီးရမိပါတယ်​။ သူတို့ ၂ ဦးကို အမရပူရမြို့နယ် ​​မြို့မရဲစခန်းက​ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေအရ အ​ရေးယူ​ ဆောင်​ရွက်​သွားမှာဖြစ်​တယ်​လို့ အမရပူရမြို့နယ်​ မြို့မစခန်းမူး ဒုရဲမှူးဆန်းဝင်းက​ ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024