Home
သတင်းဓာတ်ပုံ
လှော်ကားရေပိုက်လိုင်း အစားထိုးပြင်ဆင်နေ (သတင်းဓာတ်ပုံ)
DVB
·
September 13, 2018
ရန်ကုန်ကို အဓိက ရေပေးဝေနေတဲ့ လှော်ကားရေပိုက်လိုင်းကြီး အစားထိုး ဆက်သွယ်ရေးလုပ်ငန်းတွေကို  ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းရေး ဌာနက ၀န်ထမ်းတွေက သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်  ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။ လှော်ကား ကွန်ကရိပိုက်လိုင်းကြီး အစားထိုးလဲလှယ်ဖို့ အတွက် မရမ်းကုန်းမြို့နယ်၊ ကျော်တော်ကြီးဘုရားနားမှာ ရေဖြတ်တောက်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၃ ရက်မနက် ၁၀ နာရီကနေ ၁၄ ရက် ည ၁၀ နာရီအချိန်ထိ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတာ၊ ပန်းပဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရေပြတ်တောက်တာ၊ ရေအားနည်းတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ခတ္တရေဖြတ်တောက်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရေလိုအပ်ချက်ရှိပါက အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ် ရေရယူနိုင်တယ်လို့ မြို့တော်စည်ပင်က အသိပေးကြေညာထားပါတယ်။ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ အရှေ့ပိုင်းခရိုင်မှူး ဖုန်း - ၀၉ ၂၅၀ ၂၈၃ ၈၂၃၊ အနောက်ပိုင်း ခရိုင်မှူး ဖုန်း - ၀၉ ၂၅၀ ၂၈၃ ၈၁၂၊ တောင်ပိုင်းခရိုင်မှူး ဖုန်း - ၀၉ ၅၀ ၅၄ ၅၆၅၊ မြောက်ပိုင်းခရိုင်မှူး ဖုန်း - ၀၉ ၅၀ ၈၁ ၂၂၉ တို့ဖြစ်ပါတယ်။ ဓာတ်ပုံ-ရန်ကုန်မြို့တော်ဝန်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024