တောင်ကလေးဆရာတော်ဆီသွားရန် အောင်ဝင်းဇော်ကို အဖော်ခေါ်သွားခဲ့ဟု အောင်ဝင်းထွန်း ထွက်ဆို
အောင်သူ
·
September 13, 2018
ရှေ့နေ ဦးကိုနီအသတ်ခံရတဲ့ အမှုနဲ့ပတ်သတ်ပြီး စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဒီကနေ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ၇၅ ကြိမ်မြောက် ရုံးထုတ်ပါတယ်။
အဲဒီရုံးထုတ်မှာ အောင်ဝင်းဇော်ကို ကားမောင်းပို့ခဲ့တာကြောင့် အားပေးကူညီမှု ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားတဲ့ အောင်ဝင်းထွန်းကို အစိုးရရှေ့နေက ပြန်လှန်မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
အောင်ဝင်းထွန်းကတော့ အောင်ဝင်းဇော်ကိုကားမောင်းပို့ခဲ့တာ မဟုတ်ဘဲ တောင်ကလေးဆရာတော်ဆီသွားဖို့ အောင်ဝင်းဇော်ကို အဖော်ခေါ်သွားခဲ့တာလို့ သူရှေ့နေ မေးမြန်းစဉ်မှာ ရုံးတော်ကိုထွက်ဆိုထားပါတယ်။