DVB Logo
Home
မြန်မာသတင်း
ရွှေဝါရောင်တော်လှန်ရေး နောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်-မိုးပန်းပွင့်ရဲ့ သင်္ကေတ (နမူနာ)
DVB
·
September 13, 2018
ရွှေဝါရောင်တော်လှန်ရေး နောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်-မိုးပန်းပွင့်ရဲ့ သင်္ကေတ (နမူနာ)
Donate to DVB

နိုင်ငံရေးနောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားတကားဖြစ်တဲ့ မိုးပန်းပွင့်ရဲ့ သ င်္ကေတရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။

    စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ၀တ္ထုကို  သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်က ပုံ ဖော်ရိုက်ကူးပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Forever Group က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ဖိနှိပ်တားဆီးမှုတွေကြားက အချစ်၊ အာဃာတ၊ သံ ယောဇဉ်နဲ့ မေတ္တာတရားတွေကို ရှုစားကြရမှာပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ ရွှေဝါရောင်တော်လှန်ရေးအ ကြောင်းကိုလည်း ဒီရုပ်ရှင်ကားထဲမှာ ထူးထူးခြားခြား ထည့်သွင်းရိုက်ကူးထားပြီး တော် လှန်ရေးနှစ်ပတ်လည်နေ့မတိုင်ခင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ၀ါရင့်သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ရန် အောက်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦးတို့နဲ့အတူ တက်သစ်စသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဟန်လင်းသန့်၊ မေမြင့်မိုရ်နဲ့ နေအဉ္ဇရာတို့က အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

မိုးပန်းပွင့်၊ ချိုမြိန်၊ သြဇာဆိုတဲ့ အရမ်းချစ်ကြတဲ့ လူငယ်သူငယ်ချင်း ၃ ယောက် ကြားက ချစ်ခြင်းမေတ္တာတွေအကြောင်းကို နိုင်ငံရေးနောက်ခံ ဇာတ်လမ်းဇာတ်ကွက်တွေ နဲ့ ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစား ကြရတော့မှာ ဖြစ်ပါတယ်။

မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကိုတော့ တေးရေးဆရာ မြင့် မိုးအောင်က ရေးစပ်ပေးထားပြီး အဆိုတော် ကေကေမိုးက သီဆိုပေးထားခဲ့တာဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက ရွှေဝါရောင်တော်လှန်ရေးအကြောင်း ရုပ်ရှင်ဆိုပြီး နာမည်ကြီးနေခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013