ပေါင်မြို့နယ်တွင် ခွေးရူးကိုက်တာကြောင့် လူ ၁၅ ဦး ဒဏ်ရာရ
ပိုင်စိုး
·
September 12, 2018
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ မနေ့က ခွေးရူးတကောင်ကိုက်လို့ လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နေ့လယ် ၁ နာရီခွဲလောက်က ပေါင်မြို့နယ် ကဒါရပ်ကွက်၊ ဘုံကျောင်းလမ်းမှာ ခွေးရူးတကောင်က လိုက်ကိုက်လို့ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ဒဏ်ရာရပြီး ပြည်သူ့ ဆေးရုံမှာ လာရောက်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီခွေးရူးကိုတော့ သတ်ပစ်လိုက်ပြီး ကဒါရပ်ကွက် စည်ပင်အမှိုက်ပုံမှာ မြှုပ်နှံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။