နော်ဝေနိုင်ငံမှ သုတေသနသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
DVB
·
September 12, 2018
နော်ဝေနိုင်ငံမှ သုတေသန သင်္ဘော Dr. Fridtjof Nansen ဟာရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာတယ်လို့ နော်ဝေသံရုံးက သတင်းထုတ်ပြန်ပါတယ်။
နော်ဝေနိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီက ပိုင်ဆိုင်တဲ့ အဆိုပါသင်္ဘောကြီးဟာ မြန်မာ့ ပင်လယ်ပြင်ရှိ ငါးသယံဇာတနဲ့ အခြားဇီဝမျိုးကွဲတွေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သုတေသနအချက်အလက်တွေကို သုတေသနပြု စုဆောင်းပေးဖို့ ရောက်လာတာ ဖြစ်ပါတယ်။
သုတေသနရေယာဉ်ပေါ်မှာ သိပ္ပံနည်းပညာဆိုင်ရာ လေ့လာစူးစမ်းမှုတွေ ပြုလုပ်မယ့် အစီအစဉ်တွေကို လေ့လာနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါသင်္ဘောကြီးဟာ ၁၉၇၉ခုနှစ်၊ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၅ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး ခုတကြိမ်ဟာ လေးကြိမ်မြောက် အဖြစ်လာ ရောက်တာဖြစ်ပါတယ်။
ဓာတ်ပုံ-နော်ဝေသံရုံး