Home
သတင်းဓာတ်ပုံ
အေးမြတ်သူ၏ ဆွဲဆောင်မှုရှိရှိ မြန်မာ့ခရီးသွားမြှင့်တင်ရေး အလှပုံရိပ်များ(ဓာတ်ပုံ)
မြတ်နိုးအောင်
·
September 12, 2018
ပရိသတ်အချစ်တော် မင်းသမီးအေးမြတ်သူဟာ မြန်မာပြည်အနှံ့အပြားမှ ခရီးသွားမှတ်တမ်း အလှပုံရိပ်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်က တဆင့် မျှဝေထားခဲ့ပါတယ်။ ဒါဟာ Myanmar Travel Bloggers Club က စတင်တဲ့ လှုပ်ရှားမှုမှာ  မြန်မာ့ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်တဲ့အနေနဲ့ ပါဝင်ခဲ့တာလို့ မင်းသမီးက ဆိုပါတယ်။ ပုံတွေထဲမှာတော့ မြန်မာ့နှလုံးသားတစုံ… ပုဂံပြည်နှင့် ဧရာဝတီ၊ မြန်မာ့ကုသိုလ်၊ မြန်မာ့အညာ… မကွေး၊ မြန်မာ့ပင်လယ်… ကော့သောင်း၊ မြန်မာ့အလှ… ကြာကန်၊ မြန် မာ့ရှုခင်း… မိုးကုတ်၊ မြန်မာဓလေ့… ဆင်အက၊ မြန်မာ့အနုပညာ… မန္တလေးတောင်၊ မြန် မာ့ရှုခင်း… ကလော စတဲ့ ခေါင်းစဉ်တွေနဲ့ ဓာတ်ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။     ဒီပုံတွေကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်က မျှဝေထားခဲ့တာဖြစ်ပြီး ခု လိုရေးသားထားခဲ့တာပါ။     “မီးခိုးမထွက်တဲ့ စက်ရုံကြီး ဒီထက်ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပါတယ်ရှင့်... မြန်မာ့အလှ မြန်မာ့သဘာဝ မြန်မာ့ဓလေ့ မြန်မာ့ရိုးရာများကို ကမ္ဘာ့ခရီးသွားမိတ်ဆွေများ လာရောက်လေ့လာလည်ပတ်စေရန် ရည်ရွယ်ပါသည်ရှင့်” ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ နိုင်ငံတကာ ခရီးသွား အဖွဲ့အစည်းတွေက စည်းရုံးလှုံ့ဆော်နေချိန်မှာ မြန်မာပြည်ကိုချစ်သူတွေက မြန်မာပြည်ဟာ ခရီးသွားဖို့ လုံခြုံစိတ်ချပြီး သာယာလှပတဲ့နိုင်ငံဖြစ်တဲ့အကြောင်း အွန်လိုင်းပေါ်မှာ တန်ပြန်လှုပ်ရှား ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024