Home
မြန်မာသတင်း
မြင်းခြံစည်​ပင်​ရေ​ပေးဝေ​စနစ်​ အရှုံး​ပေါ်​​သဖြင့် ပုဂ္ဂလိကကုမ္ပဏီထံလွှဲပြောင်း
DVB
·
September 12, 2018
41452172_1354663284670655_293344986416545792_n
မြင်းခြံမြို့က မြို့​ပေါ်ရပ်​ကွက်​​တွေမှာ ရေ​ပေး​ဝေ​ရေးစနစ်​ဟာ လစဉ်​အရှုံး​ ပေါ်​နေတာ​ကြောင့် ရေ​ပေး​ဝေဖြန့်​ဖြူးဖို့ ပုဂ္ဂလိကကုမ္ပဏီတခုကို လွှဲပြောင်းလိုက်​တယ်​လို့  မြင်းခြံမြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီက သိရပါတယ်​။ မြင်းခြံစည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ​ဒေါက်​တာဝင့်သူက “မြင်းခြံမှာ ၂၄ နာရီ​ရေ​ပေးဖို့ အဆင်​မ​ပြေဘူး၊ ​ရေ​ပေး​ဝေ​ရေးအတွက်​ ​ရေစင်​ကြီး ၃ ခုရှိတယ်​၊ ​ရေယိုတာ​တွေ ​ရေပိုက်​လိုင်း​ဆွေး​မြေ့တာ​တွေ ဖြစ်​​နေတာ၊ မြင်းခြံ​ရေက ငံတဲ့အတွက်​ ပိုက်​ပိတ်​တာ​တွေ ဖြစ်​ကုန်​တယ်​။ ​ရေကလည်း သန့်​စင်​မှုမရှိဘူး။ စည်​ပင်​အ​နေနဲ့က ​ရေကို ​နေ့တိုင်းမ​ပေးနိုင်​ဘူး နှစ်​ရက်​ခြား တ​ခါကို ၁ နာရီ​လောက်​ဘဲ​ပေးနိုင်​တယ်​။ ပြီး​တော့ လစဉ်​ ၁၅ သိန်း​လောက်​ အရှုံး​ပေါ်​နေ​တော့ မြို့​ပေါ်​ရေ​ပေး​ဝေ​ရေးအတွက်​ ပုဂ္ဂလိကကုမ္ပဏီကို လွှဲပြောင်းလိုက်​တာပါ”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ အဆိုပါ ရေ​ပေး​ဝေ​ရေးလုပ်​ငန်းကို Chin Corp Myanmar ရဲ့ကုမ္ပဏီခွဲဖြစ်​တဲ့ Aqua Pura ကုမ္ပဏီက ဖြန့်​ဖြူး​ပေးသွားမှာလည်း ဖြစ်​ပါတယ်​။ Aqua Pura ကုမ္ပဏီ အကြီးတန်း ပ​ရောဂျက်​မန်​​နေဂျာ ဒေါ်သင်းမို့မို့​အေးက "ကျမတို့ ကုမ္ပဏီ အ​နေနဲ့ ၂၀၁၆ ခုနှစ်​က စစ်​ကိုင်းတိုင်း မုံရွာမြို့မှာလည်း ချင်းတွင်းမြစ်​​ရေကိုသန့်​စင်​ပြီး ​ရေဖြန့်​ဖြူး​ရေးကို လုပ်​​ဆောင်​ခဲ့ပါတယ်​။ မြင်းခြံမှာ​တော့ ဧရာဝတီမြစ်​​ရေကို သန့်​စင်​ပြီး မြင်းခြံမြို့​ပေါ် ရပ်​ကွက်​ (၂၀)နဲ့ စက်​မှုဇုန်​​တွေကို ​ရောင်းချသွားမှာပါ။ အခု ရပ်​ကွက်​​တွေကို ဆင်းပြီး စစ်တမ်းကောက်​​နေပါတယ်​။ ပြည်​သူ​တွေအ​နေနဲ့က စိတ်​ဝင်​စားမှုရှိပြီး လက်​ခံကြပါ တယ်​။ လူထုသ​ဘောထား ​ကောက်​ခံပြီးတာနဲ့ ၂၀၁၉ ခုနှစ်​ထဲမှာ စတင်​အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​သွားမှာပါ”လို့ ပြောပါတယ်​။ အဆိုပါကုမ္ပဏီက ​ရေသန့်​စင်​ဖြန့်​ဖြူးရာမှာ တရက်​ကို​ရေဂါလံ ၂ သန်း ဖြန့်​ဖြူး​ပေးသွားမှာ ဖြစ်​ပြီး၊​ ရေမီတာတပ်​ဆင်​တာနဲ့ ဝန်​​ဆောင်​မှုစရိတ်​ တအိမ်​လျှင်​ ၁၃၀,၀၀၀ ကျပ်​ ကုန်​ကျမှာဖြစ်​ပြီး၊ WHO Standard အရည်​အ​သွေးရှိမှာဖြစ်​ကာ၊ ​ရေ (၁) ယူနစ်​ကို ၆၀၀ ကျပ်​နှုန်းနဲ့ ၂၄ နာရီ​ရေဖြန့်​ဖြူးသွားမယ်လို့ ကုမ္ပဏီက သိရပါတယ်။ ခုလို ပုဂ္ဂိလိကက ရေပေးဝေမယ့်အပေါ် မြင်းခြံမြို့ခံ ပြည်​သူတဦးက "စည်​ပင်​က​ပေးတဲ့​ ရေယူထားတာ နှစ်​​ပေါင်းကြာပြီ။ ေ​ရက မလာဘူး။ ခု​ပေးမှာက သန့်​စင်​တဲ့​ရေဆို​တော့​ ကောင်းပါတယ်​။ သူတို့ကိုလည်း​ စောင့်ကြည့်သွားရမှာဘဲ၊ ပြည်​သူလူထု အ​ပေါ်မှာ တကယ်​​စေတနာရှိပြီး အ​ပြောနဲ့အလုပ်​ညီဖို့​တော့ လိုမယ်​”လို့ ပြောပါတယ်​။ မြင်းခြံမြို့မှာ စက်​မှုဇုန်​နဲ့ မြို့​ပေါ်ရပ်​ကွက်​ ၂၀ ရှိပြီး၊ အိမ်​​ထောင်​စု​ပေါင်း ၁၆၀၀၀ ​ကျော်​ရှိကာ လူဦး​ရေ ၈ ​သောင်း​ကျော်​ ​နေထိုင်​ကြတာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024