ကျော်ထက်အောင်နှင့် စူပါမင်းသမီး ၅ လက်အပြိုင်ကြဲထားသည့် ချူဆီရုပ်ရှင် (နမူနာ)
DVB
·
September 11, 2018
သရုပ်ဆောင်မင်းသား ကျော်ထက်အောင်နဲ့ နာမည်ကြီး စူပါမင်းသမီး ၅ လက်တို့ အ ပြိုင်ကြဲသရုပ်ဆောင်ထားတဲ့ ချူဆီအမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၁၄ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကို အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး သရုပ်ဆောင်မင်းဦးက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။
မတူညီကြတဲ့ ဘ၀ပေးအခြေအနေ နောက်ခံအကြောင်းတွေနဲ့ နန်းတော်အမည်ရတဲ့ KTV ဆိုင်ကို ပုံစံအမျိုးမျိုးနဲ့ ရောက်လာခဲ့ကြပြီး မိသားစုအတွက် ပိုက်ဆံရှာဖွေနေ ကြရတဲ့ အမျိုးသမီးတွေအဖြစ် မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေနဲ့ နန်းဆုဦးတို့က ဒီ ကားထဲမှာ သရုပ်ဆောင်ထားခဲ့ကြပြီး ကျော်ထက်အောင်ကိုတော့ KTV ဆိုင်ရဲ့ မန်နေဂျာတဦးအဖြစ် တွေ့ကြရမှာ ဖြစ်ပါတယ်။
စုမောင်မောင်ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ ချူဆီဆိုတဲ့အတိုင်း ဘယ်သူတွေက ဘယ်သူ့ကို ချုမှာလဲ။ ဘယ်လိုဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိတ်သတ်တွေက မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။
ချူဆီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်း ဒိုင်ယာလော့ဂ်တွေဟာလည်း Trailer နဲ့တင် ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ များပြားခဲ့ပြီး ကျော်ထက်အောင်နဲ့ နာမည်ကြီးမင်း သမီး ၅ ယောက် တွဲဖက်သရုပ်ဆောင်မှုကလည်း စိတ်ဝင်စားစရာဖြစ်နေခဲ့တာပါ။