DVB Logo
Home
မြန်မာသတင်း
တူရကီကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို သွားရောက် အကူအညီပေး
DVB
·
August 9, 2012
တူရကီကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို သွားရောက် အကူအညီပေး
Donate to DVB

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ပဋိပက္ခမှာ ဒုက္ခရောက်သူတွေအတွက် အထောက်အပံ့ပစ္စည်းတွေ တူရကီနိုင်ငံခြားရေး ၀န်ကြီး Ahmet Davutoglu နဲ့ အတူ မြန်မာနိုင်ငံကို မနေ့က ဆိုက်ရောက်တယ်လို့ တူရကီသတင်းဌာန Hürriyet Daily News မှာ ရေးပါတယ်။

မွတ်ဆလင်နိုင်ငံတခုဖြစ်တဲ့ တူရကီရဲ့ အကူအညီဟာ မြန်မာအစိုးရဘက်က နိုင်ငံရပ်ခြားက ပေးအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့ကို ပထမဆုံး လက်ခံတာ ဖြစ်ပါတယ်။

[caption id="attachment_28981" align="alignleft" width="300" caption="လှူဒါန်းမည့် ပစ္စည်းများ လေယာဉ်ပေါ်တင်နေစဉ် (ဓာတ်ပုံ- Hürriyet Daily News)"][/caption]

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ဆေးဝါးအထောက်အပံ့နဲ့ လှူဒါန်းငွေတွေကို ဒီပဋိပက္ခကြောင့် ပြောင်းရွှေ့ခိုလှုံနေကြတဲ့ မွတ်ဆလင် ၅ သောင်းကျော်နဲ့ ဗုဒ္ဓဘာသာဝင် ၂ သောင်းကျော်ကို လှူဒါန်းမှာလို့ သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို လေ့လာဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ  မနေ့က ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ မထွက်ခွာခင်မှာ သူက တူရကီနိုင်ငံဟာ လူတွေ သေကြေပျက်စီးစေတဲ့ ဘာသာရေးအကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အငြင်းပွားဖွယ် သတင်းအချက်အလက်တွေကို ရရှိခဲ့တယ်လို့ ပြောဆိုပါတယ်။

အစိုးရဘက်က လူ ၁၀၀ ၀န်းကျင်သေဆုံးတယ် လို့ ပြောပေမယ့် သူနဲ့ အဆက်သွယ်ရတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ခေါင်းဆောင်တွေ ပြောတာက ထောင်ချီ သေဆုံးနေ တယ်လို့ တူရကီနိုင်ငံ အင်ကာရာလေဆိပ်မှာ သတင်းထောက်တွေကို ၀န်ကြီးက ပြောပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ အခြေအနေကို အခင်းဖြစ်တဲ့ အောက်ခြေ နေရာတွေမှာ လွတ်လွတ်လပ်လပ် လေ့လာ စုံစမ်းမှာ ဖြစ်ပေမယ့် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကူအညီတွေ အချိန်မီရောက်ရှိရေး သေချာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံကလည်း ရိုဟင်ဂျာ မွတ်ဆလင်တွေကို အထောက်အပံ့ပေးဖို့ကိစ္စ စဉ်းစားနေတယ်လို့ အာဆီယံ အထွေထွေ အတွင်းရေးမှူး  မစ္စတာ ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013