DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမှု ကန့်ကွက်
DVB
·
September 11, 2018
တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမှု ကန့်ကွက်
Donate to DVB

တိုင်းရင်းသားဒေသတွေမှာ အနိုင်ရပါတီကဦးဆောင်ပြီး  ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ စိုက်ထူတာ၊ လမ်းတံတားအဆောက်အဦတွေမှာ ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးနေ တာတွေကို ကန့်ကွက်တယ်လို့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) က ကြေညာပါတယ်။

တိုင်းရင်းသားဒေသမှာ မိမိတိုင်းရင်းသား အမျိုးသားခေါင်းဆောင်တွေရဲ့ ရုပ်တု၊ အမည် နာမတွေ မဖော်ပြရဘဲနဲ့ အခြားဒေသက ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေ လာစိုက်ထူထားတဲ့အပေါ် နားမလည်နိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ သွားဖို့ တည်ဆောက် နေတဲ့ကာလမှာ ကိုယ့်ဒေသရဲ့ ဖက်ဒရယ်ပုံရိပ်ကို အရင်ဖော်ထုတ်ပြီးမှ အခြားဒေသမှ ပုဂ္ဂိုလ်တွေကို မိမိဖာသာဆုံးဖြတ်စိုက်ထူမယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း ပြောရေးဆိုခွင့်ရှိသူ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ကိုယ့်ရဲ့အမျိုးသားရုပ်တုတွေ၊ အမျိုးသား ခေါင်းဆောင်ရဲ့ အမည်နာမတွေကို ကျနော်တို့က မဖော်ထုတ်ရဘဲနဲ့ တခြားဒေသက ရုပ်တုတွေ လာစိုက်၊ အမည်တွေလာပေးတာကို နားမလည်ဘူးဖြစ်နေတာ။ ကျနော်တို့က ပထမဆုံး ကိုယ့်အမျိုးသားခေါင်းဆောင်ရုပ်တုတွေ စိုက်ထူဖို့ရည်ရွယ်ထားပါတယ်။ အဲဒါပြီးမှ ကျန်တဲ့ စိုက်ထူသင့်တဲ့ရုပ်တုတွေ စိုက်ဖို့ကျနော်တို့ တိုင်ပင်ကြပါတယ်။ အခုမြန်မာပြည် နိုင်ငံရေးမှာ ဖက်ဒရယ်ပုံစံနဲ့ တိုင်းပြည်ကို တည်ဆောင်နေတဲ့အနေအထားမှာ ကိုယ့်ဒေသရဲ့ ဖက်ဒရယ် ပုံရိပ်တွေကို ကျနော်တို့အရင် ဖော်ထုတ်ချင်တယ်။”

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် နဲ့ ၁၀ ရက်က ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ ၃၁ ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့အပြီး ခုလို ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့  အခြေခံမူချမှတ်တာဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေနဲ့ ဆွေးနွေးဆုံးဖြတ်တာ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ သယံဇာတထုတ်လုပ်ရာမှာလည်း ဒေသခံပြည်သူတွေကို အကျိုးမပြုတဲ့ တည်ဆဲဥပဒေနဲ့ နည်းဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပြီးမှ ထုတ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းရဲ့ ၃၁ ကြိမ်မြောက်အစည်းအဝေးမှာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၉ ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၄၃ ဦး တက်ရောက် ဆွေးနွေးပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013