ပျိုးပင် ၃ သိန်းဆံ့ ဒီရေတောပျိုးဥယျာဉ်ဖွင့်လှစ် (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
September 11, 2018
ရန်ကုန်တိုင်းဒေသကြီးရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတောတွေ ထိန်းသိမ်းခြင်းနဲ့ စိုက်ပျိုးပြုစုခြင်း စီမံကိန်းအဖြစ် ပျိုးပင် ၃ သိန်းဆံ့ ဒီရေတောပျိုးဥယျာဉ်ကို ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာမှာ ဒီကနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
ဒီပျိုးဥယျာဉ်ကို Worldview International Foundation က ဆောင်ရွက်လုပ်ကိုင် နေတာပါ။
ဖွင့်ပွဲအခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။