ကလေးဝမြို့အနီး အင်အား ၄.၇ အဆင့်ရှိ မြေငလျင်လှုပ်

ဓာတ်ပုံ - မိုးဇလ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အနီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။ စက်တင်ဘာ ၁၀ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၂၇ မိနစ်၊ ၄၀ စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း ကလေးဝမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ အနက် ၉၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်သွားတာလို့ ဆိုပါတယ်။ ငလျင်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up