ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ် အားပိုကောင်းလာပြီး အမေရိကန်ကုန်းတွင်းသို့ ဝင်ရောက်နိုင်

ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဟာ စက်တင်ဘာ ၉ ရက်မှာ အားပိုကောင်းလာပြီး ဒီသီတင်းပတ်ကုန်ရက်မှာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းက တဆင့် ကုန်းတွင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ လေတိုက်နှုန်း တနာရီ ၇၅ မိုင်နှုန်းရှိတဲ့ ဟာရီကိန်း ဖလောရင့်စ်ဟာ လောလောဆယ်မှာ အဆင့် ၁ ဟာရီကိန်းမုန်တိုင်း ဖြစ်ပါတယ်။ အားပိုကောင်းအပြီး အဆင့် ၃ အထက် မုန်တိုင်းကြီး ဖြစ်လာမယ်လို့ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့အခြေစိုက် အမျိုးသား ဟာရီကိန်းဌာနက ပြောပါတယ်။ တောင်ကာရိုလိုင်းနားကနေ ဗာဂျီးနီးယားပြည်နယ်အထိ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် တက်လာမယ့် မုန်တိုင်းဒီရေက အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်း ပိုမြင့်လာနေတယ်၊ ကုန်းတွင်းပိုင်းမှာလည်း မိုးအကြီးအကျယ်ရွာလို့ ရေကြီးနိုင်တယ်လို့ ဒေသခံတွေကို သတိပေးထားပါတယ်။ အန္တရာယ်မုန်တိုင်းအတွက် ပြင်ဆင်ထားဖို့ ဗာဂျီးနီးယား၊ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို သတိပေးထားပါတယ်။ အဲဒီပြည်နယ်တွေမှာ အရေးပေါ်အခြေအနေပါ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up