A d v e r t i s e m e n t With Us

ဒေါက်​တာ​အေး​မောင်​ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့်​ စွဲချက်တင်

ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါက်​တာ​အေး​မောင်​နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို  နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁)၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)တို့နဲ့ စွဲချက်​တင်​ဖို့ ဒီက​နေ့ ​ စစ်​​တွေခရိုင်​တရားရုံးက ဆုံးဖြတ်​လိုက် ပါတယ်​။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ)နဲ့ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ မူလက ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။ ဒီလိုပုဒ်​မ သုံးခုနဲ့စွဲချက်​တင်​ထားရာက​နေ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ပုဒ်​မနဲ့ ၅၀၅ (ဂ)တို့ကို ခရိုင်​ တရားရုံးပယ်ဖျက်​ဖို့ဆုံးဖြတ်​ခဲ့ပေမယ့် ၅၀၅(ခ)ကို​တော့ ပယ်​ဖျက်​ခြင်းမပြုခဲ့ဘဲ စွဲချက်​တင်​ဖို့ ဆုံးဖြတ်​ခဲ့တာလည်းဖြစ်​ပါတယ်​။ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကတော့ သူတို့​ရဲ့ ဟော​ပြောချက်​​တွေနဲ့ စွဲဆိုထားတဲ့ပုဒ်မတွေဟာ တစုံတရာ ငြိစွန်းမှုမရှိခဲ့ဘူးလို့ ​ပြောပါတယ်​။ ဒီအမှုကို လာမယ့် စက်​တင်​ဘာ ၁၄ ရက်​​နေ့မှာ ပြန်​လည်​ချိန်းဆိုထားပါတယ်​။ ၀ဏ္ဏခွာညို

A d v e r t i s e m e n t With Us

More News
Up