Home
မြန်မာသတင်း
ဆောကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ပိတ်မိ ၄ ဦး ကယ်ဆယ်ရေး အပြီးပိုင်ရပ်ဆိုင်း
DVB
·
September 9, 2018
41344635_1922326071402178_643011914800037888_o
41326696_1922326128068839_296391076007116800_o
41188580_1922326234735495_7650294325724577792_o
40898952_1922325958068856_8596822538426777600_o
ဆောမြို့နယ်​ ​ကျောက်​မီး​သွေးတွင်း ​ပေါက်​ကွဲပြီး ပိတ်မိနေသူ ၄ ဦးကို ကယ်ဆယ်ဖို့ကြိုးစားရာမှာ အန္တရာယ်​ရှိတဲ့အတွက်​ ကယ်​ဆယ်​​ရေးလုပ်​ငန်း အပြီးပိုင်​ ရပ်​နားလိုက်တယ်လို့ ရဲက ပြောပါတယ်။ မ​ကွေးတိုင်း ​ဆောမြို့နယ်​ မင်းရာဇ ​ကျောက်​မီး​သွေး ကုမ္ပဏီမှာ စက်တင်ဘာ ၆ ရက်နေ့မနက်က ​​ကျောက်​မီး​သွေးတွင်း​ပေါက်​ကွဲတာကြောင့် လုပ်​သား ​၄ ဦး ​သေဆုံး၊ ၁ ​ဦး ဒဏ်​ရာရာရှိကာ ၄ ဦး ပိတ်​မိ​နေခဲ့တာဖြစ်ပြီး အန္တရာယ်ရှိတဲ့အတွက်​ ကယ်​ဆယ်​​ရေးလုပ်​ငန်း​ တွေ ရပ်​နားလိုက်​တာလို့ ဆိုပါတယ်​။ ​ဆောမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ဇော်​လင်းက "​နောက်​ဆုံး အ​ခြေ​နေက​တော့ ဒီ​နေ့ မနက်​ ၁၀ နာရီ​ကျော်​​လောက်​မှာ သတ္တုတွင်း ဝန်​ကြီးဌာနက ညွှန်​ကြား​ရေးမှူး ဦးကိုကိုလှိုင်​ ဦးစီးပြီး​တော့ မြန်​မာပညာရှင်​​တွေ အန္တရာယ်ရှိမရှိ ဓာတ်​​ငွေ့တိုင်းတာတဲ့ လုပ်​ငန်း​တွေလုပ်​တယ်​။ ​နေလယ်​ ၁၁ နာရီ​လောက်​မှာ သတ္တုတွင်းဌာနက ပညာရှင်​ ၃ ဦးနဲ့ ​ကျောက်​မီး​သွေး ကျွမ်းကျင်​လုပ်​သား ၈ ဦး ကျင်းထဲကိုဆင်းပြီး ကယ်​ဆယ်​​ရေးလုပ်​ငန်း စတင်​ခဲ့ပါတယ်​။ ၁၂ နာရီ​ကျော်​​လောက်​မှာ ပြန်​တက်​လာ​တော့ ကျင်းအနက်​​ပေ ၆၇၀ ​လောက်​မှာ ​မြေသား​တွေ ပြိုကျပြီး လုံးဝပိတ်​သွားပြီ။ ပညာရှင်​​တွေရဲ့ အကြံပြုချက်​အရ ကယ်​ဆယ်​​ရေးလုပ်​​ဆောင်​​နေတဲ့ အသက်​အန္တရာယ်​ကို ထိခိုက်​နိုင်​တဲ့ ဓာ​တ်​​ငွေ့​တွေရယ်​၊ ​မြေပြိုမှု ဖြစ်​​နေတာရယ်​​ကြောင့် ရှာ​ဖွေကယ်​ဆယ်​တဲ့ လုပ်​ငန်း​တွေ အပြီးပိုင်​ ရပ်​ဆိုင်းလိုက်​ပါပြီ” လို့ ဒီဗွီဘီကို​ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ ​ကျောက်​မီး​သွေးတွင်း​ပေါင်း ၃၃ တွင်း တူး​ဖောက်​ လုပ်​ကိုင်နေတယ်​လို့ မ​ကွေးတိုင်း​ဒေသကြီး သယံဇာတ​ကော်​မတီက သိရပါတယ်​။ ပြီးခဲ့တဲ့​နှစ်​ကလည်း မ​ကွေးတိုင်း၊ ငဖဲမြို့နယ်​ ဟန်​ထက်​​ကျောက်​မီး​သွေးကုမ္ပဏီမှာ ​လေပိုက်​​ပေါက်​ပြီး တရုတ်​နိုင်​ငံသား ၂ ဦးနဲ့ မြန်​မာနိုင်​ငံသား ၇ ​ဦး ​သေဆုံးခဲ့မှု ဖြစ်ခဲ့ပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024