A d v e r t i s e m e n t With Us

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့က မြို့တော် ပြုံယမ်းရှိ မိုးလုံလေလုံ အားကစားရုံမှာ စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ အခမ်းအနားကို မြောက်ကိုရီးယား အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကင်မ်ယောင်နမ်၊ စစ်ဘက်အရာရှိတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားအနေနဲ့ အခုအခါ နိုင်ငံစီးပွားဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်ဖို့ အလေးထားနေတာကို ပြသတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမှာ ၁ လကြာ တင်ဆက်ဖျော်ဖြေပွဲတွေ၊ ကုန်သွယ်ရေး ပြပွဲတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွား လုပ်ငန်းမြှင့်တင်တဲ့ တခြား အလည်အပတ် ခရီးတွေကိုလည်း ဖန်တီးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up