A d v e r t i s e m e n t With Us

ပစိဖိတ်ပြောက်ကျားများ သူပုန်အဖွဲ့ခေါင်းဆောင် တိုက်ပွဲတွင်း သေဆုံး

ကိုလံဘီယာနိုင်ငံထဲက ညီညွတ်သော ပစိဖိတ်ပြောက်ကျားများ (GUP) သူပုန်အဖွဲ့ ခေါင်းဆောင်ဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ သေဆုံး သွားပြီလို့ သမ္မတအီဗန်ဒိုကေးက ပြောပါတယ်။ GUP အဖွဲ့ခေါင်းဆောင် ဗစ်တာဒေးဗစ်ဆီဂူရာကို ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း နာရီနိုပြည်နယ်ထဲက တူမာကိုမြို့နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှိမ်နင်းနိုင်ခဲ့တာလို့ သမ္မတကပြောပါတယ်။ အဲဒီပြည်နယ်ဟာ ကိုကာအဓိက စိုက်ပျိုးနေတဲ့နေရာဖြစ်သလို ပစိဖိတ်သမုဒ္ဒရာထဲကို မူးယစ်ဆေးမှောင်ခိုကူးတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်နေရာနေရာပါ။ ဒေးဗစ်ကို ဖမ်းဆီးနိုင်ဖို့ အစိုးရက ဒေါ်လာ ၅ သောင်းအထိ ဆုကြေးထုတ်ခဲ့ပါတယ်။ ကိုလံဘီယာရေတပ်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နဲ့ ပြောက်ကျားသူပုန်တွေကြားဖြစ်တဲ့ ပစ်ခတ်မှုတွေမှာ ဒေးဗစ်ရဲ့ ညီမဖြစ်သူလည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒေးဗစ်ဟာ FARC လက်နက်ကိုင်သူပုန်တွေ အစိုးရနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး အလင်းဝင်တဲ့အခါ မဝင်ဘဲ ကျန်ခဲ့တဲ့ တိုက်ခိုက်ရေး သမား ၁၂ဝ ကို ဦးဆောင်ကာ တောခိုနေခဲ့သူဖြစ်ပြီး လူသတ်မှု၊ ပြန်ပေးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ တခြားရာဇ၀တ်မှု တွေကို ကျူးလွန်နေ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up