ဆီးရီးယားနှင့်ရုရှားတိုက်လေယာဉ်များ အစ်ဒလစ်ပြည်နယ်ထဲ ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားအတိုက်အခံလက်နက်ကိုင်တွေ ခြေကုပ်ယူထားရာ အစ်ဒလစ်ပြည်နယ်ထဲက မြို့တွေကို ဆီးရီးယားနဲ့ ရုရှားတိုက်လေယာဉ်တွေ စက်တင်ဘာလ ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။ တူရကီ၊ အီရန်နဲ့ ရုရှားသမ္မတတို့ဟာ အစ်ဒလစ်ပြည်နယ် အရေး ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပေမယ့် ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ဆိုင်းထားပေးနိုင်မယ့် အပစ်အခတ်ရပ်စဲရေး မရခဲ့ပါဘူး။ သမ္မတတွေရဲ့ တွေ့ဆုံမှုအပြီး နောက်တနေ့မှာ အခုလိုတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပါ။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်နယ်တောင်ပိုင်း ကျေးရွာတွေနဲ့မြို့ငယ်တွေကို ထိမှန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဆီးရီးယားရဟတ်ယာဉ်တွေဟာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပြည့်နေတဲ့ဗုံးတွေကို ပစ်ချခဲ့တာလို့ ခန်ရှိတ်ခွန်းမြို့မှာ နေထိုင်သူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အက်ဘ်ဒင်းမြို့မှာ အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up