တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ခံရသူ ၁ ဦးကို ကုသပေးနေ

BANGKOK, THAILAND - 2015/06/18: Thai Airways (THAI) implements preventive measures regarding the MERS virus on THAI flights within affected areas; Thai officers spray disinfectant on passenger seats aboard a Thai Airways Airbus A330-300, one of the measures of protection the Middle East against Respiratory Syndrome (MERS) at Suvarnabhumi airport in Bangkok. (Photo by Vichan Poti/Pacific Press/LightRocket via Getty Images)
တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အမျိုးသားတဦးကို ကုသပေးနေတယ်လို့ တောင်ကိုရီးယားရောဂါထိန်းချုပ်ရေး နဲ့ကာကွယ်ရေးဌာန (KCDC) က စက်တင်ဘာလ ၈ ရက်မှာပြောပါတယ်။ အသက် ၆၁ နှစ်အရွယ် အဲဒီအမျိုးသားဟာ ကူဝိတ်နိုင်ငံကို အလုပ်ကိစ္စနဲ့ သြဂုတ် ၁၆ ရက်ကနေ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သူုဖစ်ပြီး အခုတော့ ဆိုးလ်မြို့မှာ ဆေးကုသမှုခံယူနေပြီဖြစ်ပါတယ်။ ဒီလူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ လေယာဉ်အမှုထမ်းနဲ့ ဆေးဝန်ထမ်းတွေအပါအ၀င် လူ အယောက် ၂၀ ကို  သီးခြားစောင့်ကြည့်မှုပြုလုပ်ထားတယ်လို့ KCDC ရဲ့ညွှန်ကြားရေးမှူး ချောင်အွန်ယောင်းက ပြောပါတယ်။ ဒါဟာ တောင်ကိုရီးးယားနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဦးဆုံးအကြိမ် မားစ်ရောဂါ ကူးစက်မှုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက   တောင်ကိုရီးယားနိုင်ငံတ၀ှမ်း မားစ်ရောဂါ စတင်ကူးစက်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလို့ခေါ်တဲ့ မားစ်ရောဂါဟာ ကုလားအုတ်တွေကနေ လူကိုကူးစက်နိုင်ချေရှိပြီး  ၂၀၁၂ ခုနှစ်မှာ ဆော်ဒီအာရေးဗျနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up