A d v e r t i s e m e n t With Us

ဗီယက်နမ် ကမ္ဘာ့စီးပွားရေးဖိုရမ်အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် တက်မည်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံကို တက်ရောက်မယ်လို့ အစိုးရက စက်တင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံကို စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up