A d v e r t i s e m e n t With Us

ဂျပန်တွင် နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ကျော် လှုပ်ခတ်ခဲ့

ဂျပန်နိုင်ငံမြောက်ပိုင်း၊ ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာလ ၆ ရက်မှာ ငလျင်လှုပ်ပြီးကတည်းက နောက်ဆက်တွဲ ငလျင် အကြိမ် ၁၀၀ ကျော်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၁ ဦးအထိ မြင့်တက်လာပါတယ်။ ရဲ၊ မီးသတ်နဲ့ ဂျပန်ကိုယ်ပိုင်တပ်ဖွဲ့တွေက ကယ်ဆယ်ရေးသမား ၂ ထောင်ကျော်ဟာ အာ့ဆုမမြို့ထဲက အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဒေသခံတွေကို ရှာဖွေ ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီမြို့ဟာ ငလျင်ဗဟိုချက်နားမှာရှိပြီး သေဆုံးခဲ့သူတွေထဲက ၁၅ ဦးဟာ ဒီမြို့ကဖြစ်ပါတယ်။ ဒါ့ပြင် ၈ ဦးပျောက်ဆုံးနေဆဲပါ။ စီရင်စုနယ်အစိုးရကတော့ ဒီနေ့မွန်းတည့်မှာ စည်ပင်သာယာနယ်မြေ ၅၁ ခုမှာ ဖွင့်ထားတဲ့ ငလျင်ရှောင်စခန်းမှာ လာရောက်ခိုလှုံသူ ၁၁,၀၀၀ အထိ ရှိတယ်လို့ပြောထား ပါတယ်။ အများပြည်သူသုံး ပို့ဆောင်ရေးလုပ်ငန်းတွေလည်း တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပါပြီ။

A d v e r t i s e m e n t With Us

More News
Up