A d v e r t i s e m e n t With Us

ဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦးရှိ၊ ၂၆ ဦး ပျောက်ဆုံးနေ

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာလ ၆ ရက် မနက်အစောပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦးအထိမြင့်တက်လာတယ်လို့ ဂျပန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဂျပန်မိုးလေ၀သဌာနရဲ့ခန့်မှန်းချက်အရ ပြင်းအား ၇ မဂ္ဂနီကျူ့နီးပါးရှိတဲ့ငလျင်ကြောင့် ဒဏ်ရာရသူ ရာချီရှိနေပြီး လူ ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ငလျင်လှုပ်အပြီးကတည်းက နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်ဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်းပေါ်က နေရာတချို့မှာ ဘေးလွတ်ရာပြောင်းရွှေ့နေ ထိုင်ဖို့ အမိန့်ထုတ်ထားပါတယ်။ ငလျင်ဒဏ် အဆိုးရွားဆုံးခံရတဲ့နေရာဟာ ငလျင်ဗဟိုချက်နဲ့နီးတဲ့ အာဆုမ မြို့ဖြစ်ပြီး အဲဒီမှာ နေအိမ်တွေပေါ် မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူအများစုဟာ အဲဒီမြို့က ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သား တွေကတော့ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up