A d v e r t i s e m e n t With Us

ပြည်ပထောက်လှမ်းရေးကွန်ရက်များ၏ ရန်လိုသည့်လုပ်ရပ် ပျက်ပြားအောင်လုပ်ရန် ကတိပေး

ပြည်ပထောက်လှမ်းရေးကွန်ရက်တွေရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ပျက်ပြားအောင်လုပ်ဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့က ကတိပေးလိုက်ပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံအနေနဲ့ ဓာတုအဆိပ်နဲ့ လုပ်ကြံနေတဲ့ အစီအစဉ်ကိုလည်း ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။ အင်္ဂလန်နယ်ထဲက ဆားလ်စ်ဘာရီမြို့မှာ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ ဓာတုအဆိပ်နဲ့ လုပ်ကြံခံမှု နောက်ကွယ်မှာ ရုရှားအရာရှိတွေ ရှိနေတယ်ဆိုတဲ့ ဗြိတိန်ရဲ့ပြောကြားချက်ကို ထောက်ခံကြောင်း ပူးတွဲကြေညာချက်မှာ ဒီလေးနိုင်ငံက ပြောထားပါတယ်။ ဆာဂီဆက်ခရီပေါလ်တို့ သားအဖ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံတမန် ကာရန်ပီးယားစ်က လုံခြုံရေးကောင်စီကို စက်တင်ဘာ ၆ ရက်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါ့ပြင် ဒီဖြစ်ရပ်မှာ ရုရှားအစိုးရ ကျောထောက်နောက်ခံပေးထားမှု ပေါ်လွင်နေတယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့လည်း သူကပြောပါတယ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ ရုရှားဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up