DVB Logo
Home
သတင်းဓာတ်ပုံ
၂၄ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား
DVB
·
August 8, 2012
၂၄ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား
1 / 2
Donate to DVB

၈ လေးလုံးအရေးတော်ပုံ ငွေတုအကြို နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့မနက်က မန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် အလယ်တိုက်ကြီး ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်မှာ အဖွဲ့အစည်း စုံစုံလင်လင်နဲ့ ကျင်းပသွားခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေဟာ မနက် ၆ နာရီမှာ ဆရာတော်သံဃာတော်တွေကို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြပါတယ်။ အဲဒီနောက် ၈ လေးလုံးမှာ အသက်ပေး ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် ၁ မိနစ် ငြိမ်သက်ဂါရ၀ပြုခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အနယ်နယ်အရပ်ရပ်က ၈ လေးလုံးအရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားပြည်သူတွေ စာပေနယ်ကပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ ၂ ထောင်လောက် တက်ရောက်လာခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က အချက် ၈ ချက်ပါ သဘောထားကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီကလည်း အချက် ၅ ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်သွားပါတယ်။

ဒီအခမ်းအနားဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး လွတ်လွတ်လပ်လပ် ကျင်းပနိုင်တဲ့ အခမ်းအနားဖြစ်သလို နိုင်ငံတော် ပြည်ထောင်စုအဆင့် ၀န်ကြီး ၂ ဦးကိုယ်တိုင် လာရောက်အသိအမှတ်ပြုပေးသွားတဲ့ အခမ်းအနားပွဲတခုလည်းဖြစ်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြို နှစ်ပတ်လည် အခမ်းအနားကို နံနက် ၈ နာရီခွဲမှာ ကျင်းပပြီးစီးသွားခဲ့ပါတယ်။
အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးအပါအ၀င် နိုင်ငံရေးအင်အားစုတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက နိုင်ငံပြောင်းလဲမှုဖြစ်စဉ်မှာ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရေးကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013