အစိုးရ ထိုးစစ်တွေကြောင့် ဆွေးနွေးပွဲနှောင့်နှေး
အေးနိုင်
·
August 7, 2012
ကေအိုင်အိုနဲ့အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ရေးအတွက် အစိုးရဘက်က အကြောင်းပြန်ကြားချက်ကို စောင့်စားနေရပြီး တပ်ချင်း စကားပြောမှရမယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က ကေအိုင်အိုက တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာကို အစိုးရဘက်က အကြောင်းမပြန်သေးတာပါ။ ဒီတကြိမ် တွေ့ဆုံမယ့်သူတွေဟာ အစိုးရဘက်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့ တွေ့ဆုံကြဖို့ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်ကို မေးမြန်းထားပါတယ်။
PCG group u sun ag 07082012 interview by dvbradio