Home
ရုပျသံ
ဗီဇ၊ ၀ါသနာနှင့် အသက်မွေးမှု (သို့) ရေခဲချောင်းသည် ပြဇာတ်မင်းသားလေး (ရုပ်သံ)
DVB
·
September 6, 2018
    လူတယောက်ရဲ့ ဇီဇ၊ ၀ါသနာ အရင်းခံစိတ်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ တထပ်တည်းကျတဲ့ သူတွေရှိသလို တချို့ကလည်း မတူညီတဲ့ ဘ၀လမ်းကြောင်းတွေကို လျှောက်လှမ်းနေကြရတာပါ။     လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရေ ခဲချောင်းသည် ကောင်လေးတယောက်ရဲ့ အကစွမ်းရည်ကို တွေ့ကြရမှာ ဖြစ်ပါတယ်။     ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဟိန်းရင်ခွင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်း ၆ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။     ရုပ်သံအညွှန်းမှာတော့ “ဇာတ်မင်းသားလောက်တော့ သနားတယ်။ ပခန်းကြီးက ရေခဲမင်းသားလေးအက အားပေးလိုက်ပါအုံး” လို့ ရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။     ဒါဟာ ပခန်းကြီးဒေသအနီးတ၀ိုက်မှာ မှတ်တမ်းတင်ရိုက်ယူထားခဲ့ပုံရပြီး သီချင်းနဲ့ ကနေတဲ့ သူ့ဘေးမှာတော့ ၀ိုင်းဝန်းပြီး အားပေးနေခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း တွေ့ မြင်ရပါတယ်။     လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်အောက်မှာ အားပေးချီးကျူးမှတ်ချက်ရေးသားတာတွေ၊ ဒါကို ပြန်လည်မျှဝေမှုတွေနဲ့အတူ စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - ဟိန်း ရင်ခွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024