ဂျပန်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် လူ ၂ ဦးသေဆုံး၊ ၄၀ ပျောက်ဆုံးနေ

ဓာတ်ပုံ - Reuters
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းမှာ ဒီကနေ့ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် လူ ၂ ဦး သေဆုံးပြီး ၄၀ ပျောက်ဆုံးနေတယ်လို့ NHK သတင်းမှာ ဖော်ပြပါတယ်။ အင်အားပြင်းငလျင်ကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့သလို ဒေသခံ ၅ သန်းခွဲကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ထောင်ချီကို ငလျင်ဒဏ်သင့်ဒေသ စေလွှတ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ တချို့နေရာတွေမှာ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်မိန့် ထုတ်ထားပါတယ်။ ငလျင်ဗဟိုချက်နားမှာ ဖြစ်ခဲ့တဲ့ မြေပြိုမှုတွေကြောင့် အာဆူမမြို့က နေအိမ်တွေကို ဖုန်းအုပ်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေ အားလုံးဟာ အဲဒီမြို့က ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်တွေကို အသုံးပြုနေပြီး လက်ရှိမှာ ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးပုံအောက် ရောက်နေသူ ၅ ဦးကို ရှာဖွေနေပါတယ်။ လက်ရှိမှာ ပျက်စီးမှုနှုန်းကို အာဏာပိုင်တွေက သိရှိအောင် ကြိုးပမ်းနေတုန်းဖြစ်ပေမယ့် ကျွန်းတခုလုံးက အဆောက်အုံတွေ၊ လမ်းတွေ ပျက်စီးအက်ကွဲနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးကို ဦးစားပေး လုပ်ဆောင်ဖို့ အရေးပေါ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ ဒါ့ပြင် ကယ်ဆယ်ရေးလုပ်ဖို့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်သောင်းခွဲကို  ဖြန့်ကြက်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up