မြို့ကြီးမှ ရွာကြီး၊ ရွာကြီးမှ မြို့ပြန်​ဖြစ်​လာသည့် စ​လေမြို့ဖွင့်ပွဲ

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ထဲမှ စ​လေဟာ တ​ချိန်​က မြို့ကြီးကနေ ရွာကြီးဖြစ်​ခဲ့ပြီး အခု မြို့အဖြစ် ပြန်လည်သတ်မှတ်ခဲ့တာကြောင့် မြို့ဖွင့်ပွဲအခမ်းအနားကို ဒီ​နေ့မနက်​က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ​ မ​ကွေးတိုင်းဝန်​ကြီးချုပ် ​ဒေါက်​တာ​အောင်​မိုးညိုက “မြို့ဖြစ်​သွား​သော်​လည်း စ​လေမြို့ ပြည်သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​လို့​တော့ တွက်​လို့မရဘူး။ ​ချောက်​မြို့နယ်​ ပြည်​သူလွှတ်​​တော်​ကိုယ်​စားလှယ်​ပဲ ဖြစ်​မယ်​။ လက်​ရှိ ရှိပြီးသား အ​ခြေခံဖွဲ့စည်းပုံဥပ​ဒေအရ တနိုင်ငံလုံးမှာ ပြည်​သူ့လွှတ်​​တော်​ ၃၃၀ ပဲ ရှိရမယ်​။ ၃၃၀ ထက် ​မပိုရဆို​တာ ရှိ​တော့၊ ဒါ​ပေမယ့် စ​လေသား စ​လေဇာတိက​တော့ ​ချောက်​မြို့နယ်​က​နေ ဖြစ်​လို့ရပါတယ်​” ဟု ဝန်​ကြီးချုပ်​က ​ပြောပါတယ်​။ စ​လေမြို့​နေ ​ကျောင်းဆရာ​အငြိမ်းစား ဆရာဦး​ငွေသိန်းမှလည်း “၁၉၃၀ နှစ်​မှာ ​ချောက်​​ရေနံ​မြေ ​ပေါ်​ပေါက်​လာလို့ ကျ​နော်​တို့မြို့ကြီးကို သယ်​သွားတာပါ။ အဲဒါ​ကြောင့် စ​လေသား​တွေဟာ ​တောသားဖြစ်​သွားတာပါ။ ကျနော်​တို့ အနှစ်နှစ်​အလလ ကြိုးစားခဲ့ကြလို့ အခု အသက်​ ၇၅ နှစ်​မှ မြို့ဖြစ်​ခွင့်ရခဲ့တာပါ” လို့ ပြောပါတယ်​။ စ​လေမြို့မှာ​ အထင်​ကရ ​ရှေးဟောင်းအ​မွေအနှစ်​တွေရှိပြီး စ​လေရုပ်​စုံ​ကျောင်းနဲ့ စ​လေဇီးသီးဆိုရင်​ နိုင်​ငံနဲ့အဝှမ်း မသိသူမရှိ​လောက်​​အောင်​ဖြစ်​ပြီး စာဆိုရှင်​ စ​လေဦးပုည ​ပေါ်ထွန်းခဲ့​တဲ့ မြို့သမိုင်း​တွေ ရှိတဲ့မြို့တ​မြို့ ဖြစ်​ခဲ့​ကြောင်း ဆက်လက်ရှင်းပြပါတယ်​။ မြို့ဖွင့်ပွဲအခမ်းအနားကို တိုင်း​ဒေသကြီး အစိုးရအဖွဲ့နဲ့ ဌာနဆိုင်​ရာတွေ ဒီက​နေ့မနက်​ ၈ နာရီခွဲလောက်က တက်​​ရောက်​ဖွင့်လှစ်​ခဲ့ပါတယ်​။ ကိုလင်း(​ချောက်​)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up