DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ်ထိန်းသိမ်းရေး ကောလိပ် ရန်ကုန်တွင် ထူထောင်မည်ဟုဆို
DVB
·
August 7, 2012
မော်တော်ယာဉ်ထိန်းသိမ်းရေး ကောလိပ် ရန်ကုန်တွင် ထူထောင်မည်ဟုဆို
1 / 2
Donate to DVB

မော်တော်ယာဉ်ထိန်းသိမ်းရေး အသက်မွေးဝမ်းကျောင်း ပညာသင်ကောလိပ်တခု မကြာမီ ထူထောင်သွားဖို့ ရှိတယ်လို့ သက်ဆိုင်ရာက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

[caption id="attachment_28892" align="alignleft" width="300" caption="ဦးတင်အောင်မြင့်"][/caption]

ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ မော်တော်ယာဉ်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် ကားကုမ္ပဏီ ဒါရိုက်တာ ဦးတင်အောင်မြင့်က အခုလို ပြောဆိုလိုက်တာပါ။

“ကျနော်တို့ အကျိုးတူပူးပေါင်းပြီးရင် ဘုရင့်နောင်မှာ နိုင်ငံတကာအဆင့်မီတဲ့၊ ၂၀၁၂ ခုနှစ် မော်ဒယ်လ်အထိ ထုတ်လုပ်တဲ့ မည်သည့်နိုင်ငံက ကားကိုမဆို computerized သင်ကြားနိုင်တဲ့အထိ ကျနော်တို့ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ အလုပ်ရုံမှာ အသက်မွေးဝမ်းမှု ပညာတခု အနေနဲ့ မော်တော်ယာဉ်ထိန်းသိမ်းရေး ပညာ ကောလိပ်ပါပါမယ်။”

ဂျပန်ကားကုမ္ပဏီနဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ကုမ္ပဏီဘက်က နှစ် ၃၀ စီမံကိန်းနဲ့ စာချုပ်ချုပ်ဆို လုပ်ဆောင်သွားမယ်လို့ အသိပေးပြောဆိုခဲ့ပါတယ်။

ဒီစီမံကိန်းကို ဂျပန်ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်မြို့တွင်း ဂျပန်ကားတွေနဲ့ လိုင်းကားပြေးဆွဲတာ၊ ရန်ကုန်ကနေ တခြားမြို့တွေကို အဝေးပြေးကား ပြေးဆွဲတာ စတဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ ပါရှိပါတယ်။

ဂျပန်ကား ၃၀၀၀ လောက်နဲ့ စီမံကိန်းစတင်ဖို့ရှိတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားပေမယ့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးပြီးမှ အသေးစိတ် ထပ်မံရှင်းလင်းပြောကြားမယ်။ ခန့်မှန်းခြေ ရှေ့နှစ်ဆန်းပိုင်းလောက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013